0

Porche ဟာ အနာဂတ်မှာ လျှပ်စစ်ကားတွေနေရာယူလာမယ်ဆိုတာကို သိထားပါတယ်။ ဒါကြောင့်ပဲ ကြီးမားတဲ့ ပြင်ဆင်မှုတွေနဲ့အနာဂတ်ကို ပုံဖော်နေတာပဲဖြစ်ပါတယ်။ ဘာလင်မြို့မှာ ရုံးခန်းအသစ်ကိုဖွင့်လှစ်လိုက်ပြီး ပြည့်စုံကောင်းမွန်တဲ့ ကားနာမည်သစ်တစ်ခုကို ပုံဖော်သွားမှာဖြစ်ပါတယ်။
    အသစ်ဖွင့်လှစ်လိုက်တဲ့ ရုံးခန်းမှာ ၈၀၀ ဗို့ အားသွင်းစက်တွေကို တပ်ဆင်ပေးခဲ့ပါတယ်။ အခုတပ်ဆင်လိုက်တဲ့ အားသွင်းစက်တွေဟာ ၁၅၀ ကီလိုဝပ်အထိ အားသွင်းပေးနိုင်ပြီး ၁၂၀ ကီလိုဝပ်အားသွင်းနိုင်တဲ့ Tesla Supercharger ထက် ပိုပြီးမြန်ပါတယ်။
Porsche က အသစ်ထွက်လာမယ့် Mission E လျှပ်စစ်ကားမှာတော့ ၁၅ မိနစ်ကို ၈၀ ရာခိုင်နှုန်း အထိအားသွင်း ပေးနိုင်မှာပဲဖြစ်ပါတယ်။ အတ္တလန်တာမြို့မှာလည်း Porsche ရဲ့ မြန်နှုန်းမြင့် ကားအားသွင်းရုံတွေကို တည်ဆောက် နေပါတယ်။  ၂၀၁၉ ခုနှစ်မှာတော့ Porsche ဟာ အားသွင်းရုံတွေကို ပိုမိုတည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။
Porsche ဟာ အခြားကားကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ဥရောပအနှံမှာ ၃၅၀ ကီလိုဝပ် အားသွင်းရုံတွေတည်ဆောက်ဖို့ ရှိပါတယ်။ Tesla ကလည်း ကားတွေ မြန်ဆန်စွာ အားသွင်းနိုင်မယ့် အားသွင်းစက်တွတည်ဆောက်မယ်လို့လည်း ကတိပေးထားပါတယ်။
Ref: Engadget

Post a Comment

 
Top