တရုတ်နိုင်ငံရဲ့ အင်တာနက်ပေါ်မှာ မိန်းမတစ်ဦးကို အခြားမိန်းမအုပ်စုလိုက်က
ရိုက်နှက်တဲ့ ဗီဒီယိုဟာ ပျံ့နှံ့လျက်ရှိပြီး ကြည့်ရှုသူဦးရေ
(၃၀၀၀)ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။ လမ်းမပေါ်မှာ အ၀တ်အစားတွေပါ
ချွတ်ပစ်ခံရပြီး ရိုက်နှက် ခံရတဲ့ မိန်းကလေးဟာ အုပ်စုလိုက်ရိုက်နှက်တဲ့
မိန်းမတွေရဲ့ယောကျာ်းတွေနဲ့ ဖောက်ပြန်ခဲ့တာကြောင့်လို့ သိရပါတယ်။

အုပ်စုလိုက်ရိုက်နှက်တဲ့ မိန်းမဦးရေမှာ အနည်းဆုံး(၅)ဦးလောက်ရှိပြီး နေ့ခင်းဘက်လမ်းလယ်ခေါင်းမှာ သူတို့ ယော
ကျာ်းတွေနဲ့ ဖောက်ပြန်တဲ့ မိန်းမကို စိတ်ရှိလက်ရှိရိုက်နှက်ကြတာဖြစ်ပါတယ်။ အဆိုပါမိန်းမရန်ပွဲရိုက်နှက်မှုကို ”Woman being stripped and beaten in public” ခေါင်းစဉ်နဲ့ လမ်းသွားလမ်းလာလူတစ်ဦးက ရိုက်ကူးပြီး
အင်တာနက်မှာ တင်ခဲ့တာလို့သိရပါတယ်။

အဆိုပါဗွီဒီယိုဖိုင်မှာ လိုင်းပေါ်ရောက်ရှိခဲ့ပြီးမကြာခင်မှာ ကြည့်ရှုသူ (၃၀၀၀)ကျော်ထိကို ရှိခဲ့ပါတယ်။ ဒီလိုအလားတူ ဗွီဒီယိုမျိုးတစ်ခုလည်း ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှာ ပေါ်ထွက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.