0


ပေါင်းသင်းဆက်ဆံရေးမှာ speakerထက် listenerတွေကပိုပြီး အောင်မြင်မှုရကြပါတယ်။ ဒါပေမယ့်စကားအရမ်းများ တဲ့သူ၊ မလိုအပ်တာရော၊ လိုအပ်တာရော အကုန်ရောထွေးပြောတတ်တဲ့သူတွေဆိုရင်ရော သင့်အနေနဲ့ good listener တစ်ယောက်ဖြစ်ချင်တော့မယ်မထင်ပါဘူး။အဲ့ဒီလို လူတွေနဲ့စကားလက်ဆုံကြတဲ့အခါ သင့်အနေနဲ့ ယဉ်ယဉ်ကျေးကျေးလေးနဲ့ဘယ်လိုအကောင်းဆုံးရှောင် ထွက်နိုင်မလဲဆိုတာ သိရအောင် ဖော်ပြပေး လိုက်ပါတယ်။ တခါတလေ စကားအရမ်းများတဲ့သူကို စကားစဖြတ်ရတာ တော်တော်မလွယ်တဲ့အလုပ်ပါပဲ။ ဒါကြောင့် အခုဖော်ပြပေး မယ့် အချက်လေးတွေက အသုံးတည့်စေမှာပါ။


(၁)တုန့်ပြန်မှု

တချို့လူတွေကသူတို့ကိုယ်သူတို့အရမ်းရိုးသားကြောင်းပြချင်တယ်၊ တစ်ခုခုဆို သူတို့ထင်သလိုမဟုတ်ဘူးဆိုတာသိ တယ်၊ အဲ့ဒီလိုပဲ သူတို့သိသလို တခြားသူတွေသိတာကိုလည်းလိုချင်တယ်။ ထောက်ခံမှု၊ တုန့်ပြန်မှုလိုချင်တယ်။ အဲ့ဒီတော့ သူတို့စိတ်ကျေနပ်တဲ့ တုန့်ပြန်မှု မရမချင်း ထပ်ခါ ထပ်ခါပြောနေကြတာဖြစ်ပါတယ်။
ဒီအခြေအနေကနေအကောင်းဆုံးရှောင်ထွက်ဖို့ဆိုရင် သူပြောတဲ့ အကြောင်းအရာပေါ်မူတည်ပြီး အချိန်မဆွဲဘဲ သင့် ရဲ့သဘောထားကို အမြန်ဆုံး တုန့်ပြန်ပေးဖို့လိုပါတယ်။ သင့်ရဲ့သဘောထားဘယ်လိုရှိတယ်ဆိုတာ ပြတ်ပြတ်သား သားပြောဖို့လိုပါတယ်။ ဒါဆိုရင်တော့ နားမထောင်ချင်ဘဲ ကြိတ်မှိတ်နားထောင်နေရတာမျိုးမဖြစ်တော့ပါဘူး။

(၂)ပွင့်ပွင့်လင်းလင်းပြောပါ


1500790053920.jpg

တချို့ရှိတယ်၊ အရေးမကြီးတာကို ရေးကြီးခွင်ကျယ်လုပ်ပြီးပြောတတ်ကြတယ်။ အဲ့ဒီလို အရေးမကြီးတာကို နားထောင် ပေးဖို့ လှမ်းခေါ် လို့ဘာမှန်းမသိဘဲအချိန်တွေပေးလိုက်ရတာမျိုးကြုံဖူးမှာပါ။ အဲ့လိုဆိုရင်တော့ ဘာအကြောင်းလဲဆိုတာ သေချာမေးဖို့လိုပါတယ်။ သူ့အတွက်ရော ကိုယ့် အတွက်ရော ဘယ်သူ့အတွက်မှအကျိုး မရှိဘူးလို့ယူဆတဲ့အကြောင်းအရာဆိုရင် သင့်အတွက် စိတ်အနှောက်အယှက်ဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်းပြော လိုက်ပါ။ ဒီနည်းလမ်းကသာအကောင်းဆုံးဖြစ်မှာပါ။


(၃)အဓိကအချက်ကိုရှာပါ

စကားပြောရင် လိုရင်းမရောက်တဲ့သူတွေရှိတယ်၊ သူကိုယ်တိုင်ဘာပြောချင်မှန်းမသိတဲ့သူတွေရှိတယ်။ ဒီလိုအခြေ အနေမှာ တစ်ဖက်လူက စိတ်ရှည်ရှည်နဲ့နားထောင်ပေးသင့်ပေမယ့် အရေးကြုံနေတဲ့အချိန်ဆိုရင် သူသူကိုယ် ကိုယ်စောင့်ပြီးနားထောင်ပေးချင်ကြမှာမဟုတ်ပါဘူး။ အဲ့ဒီလိုနားမထောင်ပေးချင်တဲ့သူတွေထဲမှာ သင်လည်းပါချင် ပါနိုင်ပါတယ်။
ဒါပေမယ့်  ကိုယ့်အတွက်အရေးမကြီးပေမယ့် သူ့အတွက်အရေးကြီးတာလည်းဖြစ်ကောင်းဖြစ်နိုင်တာကြောင့် သူပြောချင်တဲ့အဓိကအချက်ကို သင်ကိုယ်တိုင်ရှာပေးမှဖြစ်မှာပါ။ သူဘာပြောချင်လဲဆိုတာ သင့်ဘက်က အဓိက focus ဖြတ်ပေးမယ်ဆိုရင်  သူနဲ့ကိုယ်ကြားက ဆက်ဆံရေး ကိုလည်းမထိခိုက်စေနိုင်တော့ပါဘူး။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top