
ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ်ရှိ ကင်းမော်ကျေးရွာနေ ၈ တန်းကျောင်သူ အသက် ၁၄ နှစ် ၂ လ အရွယ်ကို ကင်းမော်ကျေးရွာ (အလယ်တောင်)မှ ဦးကိုကြီး (ခ) ဦးထွန်းမင်းနိုင်၏ သားဖြစ်သူ မောင်မင်းခန့်ဇော် (ခ) ချစ်ထွန်း အသက် (၁၉) နှစ်က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း သံတွဲမြို့ မရဲစခန်းတွင် ကာယကံရှင်ဘက်မှ လာရောက် တိုင်တန်းသဖြင့် အမှုဖွင့်စစ်စေးဆောင်ရွက်နေကြောင်း သံတွဲမြို့မရဲစခန်းမှ သိရသည်။
ရဲစစ်ဆေးချက်အရ ဖြစ်စဉ်မှာ အဓမ္မပြုကျင့်ပစ်မှုကျူးလွန်သူဟု တိုင်းတန်းခံထားရသည့် မောင်မင်းခန့်ဇော် (ခ) ချစ်ထွ န်းနှင့် အဓမ္မပြုကျင့်ခံခဲ့ရသူ ၈ တန်းကျောင်းသူတို့ သမီးရည်းစားဖြစ်နေသည်မှာ ၂ နှစ်ကျော်ခန့် ကြာနေပြီဖြစ်ပြီး ၂၀၁၇ ခုနှစ် မေ ၃၁ ရက် ည ၁၁ နာရီ ခန့်က ၈ တန်းကျောင်းသူ၏ နေအိမ်ခြံဝန်းတွင် မောင်းမင်းခန့် ဇော်(ခ) ချစ်ထွန်းနှင့် ၈ တန်းကျောင်းသူ ချိန်းတွေ့ကြရာတွင် မောင်မင်းခန့်ဇော်က ၄င်းကို ကာမဆက်ဆံချင်သည်ဟု တောင်းဆိုခဲ့ရာ မ …. မှ ငြင်းဆိုခဲ့သော်လည်း မောင်မင်းခန့်ဇော်က အတင်အဓမ္မပြုကျင့် ဆက်ဆံခဲ့သည်ဟု သိရသည်။
၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် ၈ တန်းကျောင်းသူမှ ၄င်းကို လက်ထပ်ယူရန် ပြောဆိုသည့်အခါ မောင်မင်းခန့်ဇော်က နောင် ၃ နှစ်ကြာမှ ယူမည်ပြောသဖြင့် ၈ တန်းကျောင်းသူ၏ အစ်မဖြစ်သူက ၄င်း၏ညီမနှင့် မောင်မင်းခန့်ဇော်ကို လက်ထပ်ထိ မ်းမြှားပေးရန် မောင်မင်းခန့်ဇော်၏ မိဘအုက်ထိန်းသူတို့နှင့် ညိုနှိုင်းခဲ့သော်လည်း အဆင်ပြေမှုမရရှိခဲ့သဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၁၃ ရက်တွင် ၈ တန်းကျောင်းသူမှ သံတွဲမြို့ မရဲစခန်းတွင် တရားလိုပြုလုပ်လာရောက်တိုင်တန်းသဖြင့် အမှုဖွင့်စစ်ေ ဆးဆောင်ရွက်လျှက်ရှိကြောင်း သံတွဲမြို့မရဲစခန်းမှ တာဝန်ရှိသူများထံက စုံစမ်းသိရှိရသည်။
၈တန်းကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်သူ မောင်မင်းခန့်ဇော်(ခ)ချစ်ထွန်းကို သံတွဲမြို့မရဲစခန်းမှ အမှုလာဖွင့် (ပ)၅၁၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေး ယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.