0


 
၂၀၁၈ခုနှစ်လဆန်းပိုင်းမှာ ကချင်ပြည်နယ်က ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက် ယူနက်စကို ကိုတင်သွင်းသွားမယ်လို့ သိရပါတယ်။
ခါကာဘိုရာဇီတောင်ကတော့ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရေခဲတောင်ဖြစ်ပြီးတော့ အမြင့် ၅၈၈၁ မီတာရှိပြီး အရှေ့တောင်အာရှမှာလည်းအမြင့်ဆုံးတောင်ဖြစ်ပါတယ်။
ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနနဲ့ UNESCO တို့က ၂၀၁၄ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးတော့ အဲဒီဒေသ ကတော့ မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့မှာရော ထူးခြားတဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ဇီဝမျိုးစုံမျိုးကွဲတွေ အရ အရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပြီး ရေခဲတောင် ဂေဟစနစ်၊ တောင်ပေါ်ဂေဟစနစ်၊ အမြဲစိမ်းတော ဂေဟ စနစ်၊ တောင်ပေါ်ရေဝပ် ဂေဟစနစ်များအားလုံးတည်ရှိနေပါတယ်။ ဒါ့အပြင်ရှေးအစဉ်အဆက် ကတည်းက တည်ရှိနေကြတဲ့ တိုင်းရင်းသားလူမျိုးစုတို့ရဲ့ ရိုးရာယဉ်ကျေးမှုများဓလေ့ထုံးတမ်း စဉ်လာများကိုပါတွေ့ရပါတယ်။
ယခုချိန်မှာတော့ ခါကာဘိုရာဇီဒေသကို ပြည်တွင်း ပြည်ပပညာရှင်တွေနဲ့ ကွင်းဆင်းလေ့လာမှုတွေ လုပ်ဆောင်နေ တယ်လို့သိရပါတယ်။ ကမ္ဘာ့သဘာဝအမွေအနှစ်အမည်စာရင်းတင်သွင်းရေး အဆိုပြုလွှာကို ၂၀၁၇ခုနှစ် စက်တင် ဘာလမှာနောက်ဆုံးရေးသားနိုင်ဖို့လုပ်ဆောင်နေပြီးတော့ အစိုးရအဖွဲ့ရဲ့အတည်ပြုချက် ရယူခြင်းကိုပါ ဆောင်ရွက် နေတယ်လို့သိရပါတယ်။
ယူနက်စကိုကို တင်သွင်းထားတဲ့ အမျိုးသားဥယျာဉ်နဲ့ ဘေးမဲ့တောတွေကတော့ ခါကာဘိုရာဇီ၊ ဟူးကောင်း(တနိုင်း)၊ ချောင်းဖျားချိုင့်ဝှမ်းလွင်ပြင်၊ နတ်မတောင်၊ အင်းတော်ကြီးကန်၊ ဧရာဝတီ လင်းပိုင်းထိန်းသိမ်းရေးနယ်မြေ၊ လန်ပိ အဏ္ဏဝါကျွန်း၊ တနသာင်္ရီအမျိုးသား ဥယျာဉ်တို့ပဲဖြစ်ပါတယ်။
ခါကာဘိုရာဇီတောင်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရုတ်နဲ့ အိန္ဒိယနယ်စပ်အနီးမှာ တည်ရှိပြီးတော့ ၁၉၉၆ခုနှစ် ဇန်နဝါရီလ၃၀ရက်မှာ ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၈ခုနှစ်မှာတော့ အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခဲ့ တာပဲဖြစ်ပါ တယ်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top