0
မင်းကင်းမြို့နယ် တောင်ဖြူကျေးရွာအရှေ့ဘက် ၁ မိုင်လောက်အကွာ သံမှိုတောင်ခြေမှာ ဇွန်လ ၁၀ ရက်နေ့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတဦးရဲ့အလောင်းကို မနေ့က တွေ့ရှိရပြီး မုဒိမ်းမှု ကျူးလွန်ခံထားရတဲ့ လက္ခဏာတွေ့ရှိရတယ်လို့ မင်းကင်းမြို့မ ရဲစခန်းက ပြောပါတယ်။
သေဆုံးသူမှာ ကုန်စိမ်းဈေးသည်ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့က အချိန်မီအိမ်ပြန်မရောက်လာတဲ့ အတွက် ကျေးရွာတာဝန်ခံနဲ့အတူ ခင်ပွန်းဖြစ်သူတို့ ရှာဖွေခဲ့ကြပေမယ့် မတွေ့ရဘဲ ဇွန်လ ၁၁ နေ့ နေ့လယ် ၁၂ နာရီလောက်က တွေ့ရှိခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေအပြင် မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာလည်း တွေ့ရတယ်လို့ ရဲက ပြောပါတယ်။
မင်းကင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ယုက “သေဆုံးသူကို တွေ့ရှိချက်အရ မုဒိမ်းမှု ကျူးလွန်ခံရ တဲ့ လက္ခဏာပါ ထပ်တွေ့လို့ လူသတ်မှုအပြင် မုဒိမ်းမှု ပုဒ်မနဲ့ပါ အမှုဖွင့် ဆောင်ရွက်ထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူရဲ့ အသက်ဟာ ၃၀ နှစ်အရွယ်သာရှိသေးပြီး သူရဲ့ခန္ဓာကိုယ်မှာတော့ လည်ပင်း ၆ လက်မလောက်ရှိတဲ့ ပြတ်ရှဒဏ်ရာတချက်၊ ခြေသလုံးများမှာ သွေးစို့ညိုမဲဒဏ်ရာများ မျက်နှာညိုမဲ ဒဏ်ရာများအပြင် ဘယ်ဘက်လက်မောင်းမှာ ပွန်းခြစ်ဒဏ်ရာတချက်ကိုလည်း တွေ့ခဲ့ရတယ်လို့ ကလေးခရိုင်ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရပါတယ်။
သေဆုံးသူမှာ မင်းကင်းမြို့နယ် တောင်ဖြူကျေးရွာ ပန်ဆမ်းအုပ်စုမှာ နေထိုင်သူဖြစ်ပြီး ကျောက်ခဲတက်ကျေးရွာကို တောလမ်းအတိုင်း ကုန်စိမ်းဈေး သွားရောက်အရောင်းအ၀ယ်လုပ်ရင်း ခုလို အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံကို ရဲတပ်ဖွဲ့က စုံစမ်းဆဲဖြစ်ပြီး သိမ်းဆည်းရမိတဲ့ သက်သေခံ ပစ္စည်းတစုံတရာ မရရှိသေးဘူးလို့လည်း သိရပါတယ်။ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ ကိုယ်တိုင် တရားလိုပြုတိုင်တန်း အမှုဖွင့်ထားပြီး မင်းကင်းမြို့နယ် မောက္ကတော်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ နဲ့ အမှုဖွင့်ပြီး မင်းကင်းမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စုံစမ်းစစ်ဆေး နေပါတယ်။


dvb

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top