0
ကမ္ဘာကျော်ဘောလုံးစတား စီရော်နယ်ဒိုရဲ့ သားငယ်ဟာ အံ့ဖွယ် ဘောလုံးစွမ်းရည် ပြသနိုင်တဲ့ ပါရမီရှင် ကလေးငယ်တဦးပါ။
သူ့ကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၇ ရက်နေ့မှာ မွေးခဲ့တာဖြစ်လို့ လက်ရှိမှာတော့ အသက် ၇ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးမြို့မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူကိုတော့ ထုတ်ဖော်မကြေညာခဲ့ဘဲ ရော်နယ်ဒိုက ဖခင်တဦးအဖြစ်သာ ပြုစုပျိုးထောင်ထားခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကမ္ဘာကျော် ဖခင်လိုပဲ ဘောလုံးကို အလိမ်အခေါက် ကစားကွက်တွေနဲ့ လျှင်လျှင်မြန်မြန် စွမ်းရည်ပြ ကစားခဲ့တာကို တွေ့ရမှာပါ။
လက်ရှိမှာတော့ အဲဒီကလေးငယ်ဟာ နာမည်ကျော်ကြား လူပုဂ္ဂိုလ်စာရင်း ကမ္ဘာ့အဆင့် ၂၃၁၆ ယောက်မြောက်နေရာမှာ ရပ်တည်နေတာပါ။
သူ့ကို ခရစ္စတီယန်နင်ဟိုဆိုတဲ့ နာမည်ပြောင်နဲ့ လူသိများပြီး ဖခင်ဖြစ်သူရဲ့ အပြည့်အဝ အုပ်ထိန်းမှုအောက်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

Post a Comment

 
Top