0



 ဗြိတိန်နိုင်ငံက ရဲတပ်ဖွဲ့နှစ်ခုဖြစ်တဲ့ Dorset နဲ့ Cornwall and Devon ဋ္ဌါနနှစ်ခုဟာ ၂၀၁၅ ခုနှစ်ကတည်းက ဒရုန်းကိုစမ်းသပ်လာတာဖြစ်ပြီးတော့ လက်ရှိမှာတော့ ဗြိတိန်နိုင်ငံရဲ့ ဒရုန်းအသုံးပြုတဲ့ ရဲတပ်ဖွဲနှစ်ခုဖြစ်လာခဲ့ပါပြီ။
လက်ရှိအချိန်မှာတော့ ဒရုန်း အော်ပရေးရှင်းအတွက် ရဲအရာရှိ ငါးဦးကို လေ့ကျင့်ပေးထားပြီး လာမယ့် ၁၂လအတွင်းမှာ ရဲအရာရှိ ၄၀ ဟာ Civil Aviation Authirity (CAA) ရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။ ရဲတွေဟာ ဒရုန်းတွေကိုအသုံးပြုပြီး လူပျောက်ရှာခြင်း၊ မှုခင်းတွေအတွက် ဓာတ်ပုံမှတ်တမ်းတင်ခြင်း၊ အကြမ်းဖက်တွေ ရှာဖွေခြင်းတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
ရဲဌာနအနီး မိုင် ၆၀၀ အရှည် ရှိတဲ့ ကမ်းရိုးတန်းကို ကင်းလှည့်ခြင်း၊ တောတောင်တွေမှာ အကြမ်းဖက်သမားထောက်လှမ်းခြင်းတွေကိုလည်း ပြုလုပ်နိုင်မှာပါ။  ဒီနည်းပညာဟာ ကုန်ကျစားရိတ် သက်သက်သာသာနဲ့ ရဲဌာနတွေကို ကူညီပေးနိုင်မှာဖြစ်တယ်လို့ ရဲမှူး Jim Nye က ပြောပါတယ်။
ရဲဌာနတွေဟာ လက်ရှိမှာတော့ DJI Inspire Drones များကို အသုံးပြုနေကြပြီး ဒရုန်း တစ်စီးကို  စတာလင်ပေါင် ၂၀၀၀ နဲ့ DJI Mavic Drone ကတော့ တစ်စီးလျှင် စတာလင်ပေါင် ၁၃၀၀ တန်ကြေးရှိပါတယ်။ အပူချိန် အာရုံခံ ကင်မရာဟာ စတာလင်ပေါင် ၆၀၀၀ နဲ့ Zoom Camera ဟာ စတာလင်ပေါင် ၈၀၀ ကျသင့်မှာဖြစ်ပါတယ်။
Ref;dailymail

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top