0

--------------------------------------
ကုမ္ပဏီရဲ့ ဈေးနှုန်းအလွန်သက်သာတဲ့ Redmi 4a စမတ်ဖုန်းရဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာ 100 ခန့်ရှိပြီး တရုတ်နိုင်ငံကထုတ်လုပ်တဲ့ စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်းသက်သာပြီး ဒီဇိုင်းလည်းလှတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ Redmi 4a ကို plastic unibody ဒီဇိုင်းနဲ့ ပြုလုပ်ထားပြီး Dual Sim ပါဝင်ပါတယ်။ microSD card (up to 128GB) ထိ အသုံးပြုနိုင်ပါတယ်။ built in ROM 32 GB နဲ့ 16GB နှစ်မျိုးပါဝင်တဲ့အပြင် ထပ်တိုးချဲ့နိုင်ပြီး RAM 2GB ပါဝင်ပါတယ်။ 720p resolution ၊ 296ppi နဲ့ မျက်နှာပြင် 5 လက်မရှိ IPS Display ပါဝင်ပြီး Snapdragon 425 Chipset ၊ Quard-core 1.4 GHz Cortex-A53 CPU၊ Adreno 308 GPU တို့ကိုထည့်သွင်းအသုံးပြုထားပါတယ်။ f/2.2 13MP နောက်ကင်မရာပါရှိပြီး 30fps နဲ့ 1080p ရှိ ဗွီဒီယိုကို ရိုက်နိုင်ပါတယ်။
ဒါ့အပြင် f/2.2 5MP ရှေ့ကင်မရာပါရှိပြီး 30fps နဲ့ 720p ရှိ ဗွီဒီယို recording လုပ်နိုင်ပါတယ်။ MIUI 8.1 နဲ့ Android 6.0.1 Lollipop ကို အသုံးပြုထားပြီး 4G LTE Cat.4 (150Mbps down/ 75Mbps up) ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ချိတ်ဆက်မှုတွေအတွက်ကတော့ Wi-Fi a/b/g/n ၊ Bluetooth 4.2 ၊ GPS ၊ GLONASS ၊ Beidou နဲ့ FM radio ကိုလည်း ထည့်သွင်းအသုံးပြုထားပါတယ်။ IR port ပါဝင်တဲ့အပြင် Dual microphone က ဆူညံခြင်းတွေကိုလည်း သက်သာစေပါတယ်။ အသေတပ်ဆင်ထားတဲ့ 3120mAh ဘက်ထရီကိုအသုံးပြုထားပြီး Display အတွက် Gorilla Glass ကို အသုံးပြုထားပါတယ်။ Xiaomi Redmi 4a က Sony Xperia သို့မဟုတ် Samsung Galaxy J5 တို့ ထုတ်ပိုးမှုပုံစံနဲ့ အခြေခံအားဖြင့် တူပါတယ်။
Xiaomi Redmi 4a လက်ရှိအသုံးပြုနေကြတဲ့သူ အများစုကတော့ ပေးရတဲ့ဈေးနဲ့ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်တန်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။

Post a Comment

 
Top