0

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နေ ဘင်္ဂါလီ လူမျိုးလေးဦးအား ရန်ကုန်သို့ အခကြေးငွေရယူကာ တရားမဝင် ပို့ဆောင်သူ အမျိုးသားငါးဦးအား ငဖဲမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဇွန်(၉)ရက်နေ့ နံနက်(၂)နာရီအချိန်က ငဖဲမြို့နယ်၊ဂုတ်ကြီးရဲကင်းစခန်းမှ ရဲအုပ် ကျော်မျိုး နှင့်ပူးပေါင်းအဖွဲ့သည် ငဖဲမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် ၅၀/၃ အနီးတွင် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးနေစဉ် ယာဉ်အမှတ် AA/-----Super Lucent-CREST အဖြူရောင်ယာဉ်သည် ရှေ့မှမောင်းနှင်လာသဖြင့်စစ်ဆေးနိုင်ရန်တားဆီးခဲ့ရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွား၍ ၎င်းနောက်မှမောင်းနှင်လာသည့် AA/-----AD ဗင်အဖြူရောင်ယာဉ်အားဆက်လက်တားဆီး စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင်စောဝင်းမြင့်၊ ၃၃နှစ်၊ပျော်ဘွယ်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ ရဲအောင်၊၄၅နှစ်၊ အိမ်မဲမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူတို့နှင့်အတူ အဒူကော်ရိန်၊၂၈နှစ်၊ ဆာရာအဇူဟောက်၊၁၄နှစ်၊ မရာရှီဒါ၊၁၄နှစ်၊ မဟာရှဟာတူ၊ ၁၃နှစ်စသည့် ကျောက်တော်မြို့နယ်နေ ဘင်္ဂါလီကျား(၂)ဦး၊မ(၂)ဦးတို့အားဖမ်းဆီးရမိခဲ့ပြီး ရှေ့မှမောင်းနှင်ထွက်ပြေးသွား သည့်ယာဉ်အား ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ် အောင်မြတ်သူ နှင့်အဖွဲ့မှ စာတက်ကူမောင်းတံဂိတ်တွင် နံနက်(၃)နာရီခွဲအချိန် ရပ်တန့်စစ်ဆေးခဲ့ရာ ထွက်ပြေးခဲ့သည့် ယာဉ်ပေါ်တွင် ဇော်မင်းသန်း၊၄၆နှစ်၊မရမ်းကုန်းမြိ့နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ ထူးကိုကို၊၂၀နှစ်၊အိမ်မဲမြို့နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ဌေးလှိုင်၊၂၉နှစ်၊အိမ်မဲမြို့နယ်၊ဧရာဝတီတိုင်းဒေသကြီးနေသူတို့(၃)ဦးအားစစ်ဆေးတွေ့ရှိခဲ့ပြီး ယာဉ်မောင်း စောဝင်းမြင့် နှင့် ရဲအောင်တို့၏ထွက်ဆိုချက်အရ ဇော်မင်းသန်းပါ(၃)ဦးတို့မှာ ၎င်းတို့နှင့်တစ်ဖွဲ့တည်းဖြစ်ပြီး ဘင်္ဂါလီလူမျိုးများအား တစ်ဦးလျှင်(၁၁)သိန်းနှုန်းဖြင့် ကျောက်တော် မှ ရန်ကုန်သို့ အတူသယ်ဆောင်လာကြောင်းစစ်ဆေးသိရှိခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ စောဝင်းမြင့်ပါ(၅)ဦးအား အရေး ယူပေးရန် ရဲအုပ် ကျော်မျိုးမှ တရားလိုပြုတိုင်ကြားခဲ့၍ ငဖဲမြို့နယ်၊မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပြီး တရားမဝင် ဝင်ရောက်လာသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့်ပူးပေါင်းကာ အရေးယူဆောင်ရွက်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

kyawzayya
Myanmaalinn

Post a Comment

 
Top