0
အမြဲတမ်း ဖက်ရှင် ကျကျ ၀တ်စားနေထိုင်တတ်တဲ့ Selena Gomez ကိုတော့ ဒီတစ်ကြိမ်မှာ Sexy ကျကျ ဒီဇိုင်းမျိုး နဲ့တွေ့ လိုက်ရပါတယ်။သူမရဲ့ဝတ်စုံနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ အတော်လေးကို ဟော့ခဲ့ပါတယ်။သူမဟာ  The Weeknd နဲ့ ဒိတ်လုပ်တဲ့ အချိန်က ဒီဝတ်စုံကို ၀တ်ခဲ့တာပါ



အမည်းရောင် ဖောက်ထွင်းဝတ်စုံ ဖြစ်တဲ့ အပြင်မှာမှ Selena Gomez က ဘရာဝတ်မပါပဲ ဒီဝတ်စုံကို ၀တ်ခဲ့တာပါ။လက်ရှိ သူမရဲ့ ရည်းစား The Weeknd ဟာ မော်ဒယ် Bella Hadid  ရဲ့ ရည်းစားဟောင်းပါ။ Bella ကလည်း The Weeknd  နဲ့ပြတ်ပြီး နောက်ပိုင်းမှာ ခပ်ဟော့ဟော့်တွေ ၀တ်စားခဲ့ပါတယ်။


အခု Selena ၀တ်ထားတဲ့ ၀တ်စုံကတော့  အနက်ရောင် one-piece ဖြစ်ပြီး အရမ်းပါးပါးတယ်။သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကိုတော့ အရှိအတိုင်း မြင်နေရတဲ့ ၀တ်စုံပါ။ပါပါရာဇီတွေရဲ့ ကင်မရာမီးတွေကလည်း ၀တ်စုံ ဘ ယ်ေ လာက် ပါးတယ်ဆိုတာကို မြင်သာအောင် မီးထိုး ပြသလို ဖြစ်ခဲ့ပါတယ်။ကားေ ပါ် အတတ်မှာတော့ အထဲမှာ ၀တ်ထားတဲ့ ကြိုးဘောင်းဘီကိုပါ အတိုင်း သား မြင်နေရပါတယ်။

ဒါပေမယ့် ၀တ်စုံကဘယ်လိုပဲ ဖြစ်ဖြစ် Selena ကတော့ ယုံကြည်မှုရှိတဲ့ ပုံပါ။ဝတ်စုံက နည်းနည်း အမြင်ရိုင်းနေတာကလွဲရင် သူမနဲ့ လိုက်ဖက်နေတာကို တွေ့ရပါတယ်။ဆံပင်ကတော့ မြင်းမြှီးပုံ အမြင့်စည်းထားကာ မျက်လုံးကိုတော့ မက်မွန်ရောင်ချယ်ထားပြီး နှုတ်ခမ်းနီကိုတော့ အရောင်နု အဖျော့လေး ဆိုးထားတာကို တွေ့ရပါတယ်။


Ref;viral4real


Post a Comment

 
Top