0

ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူ ဖရန့်လမ်းပတ်က အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသော တိုက်စစ်မှူးကော်စတာအား အသင်းတွင် ဆက်ကစားရန် စည်းရုံးတိုက်တွန်း သွားခဲ့ကြောင်းသိရသည်။ ကော်စတာမှာ နည်းပြကွန်တီနှင့် အဆင်မပြေဖြစ်နေပြီး ချဲလ်ဆီးမှ ထွက်ခွာလိုနေသူဖြစ်သည်။ သို့သော်လည်း လမ်းပတ်က ကော်စတာအား ချဲလ်ဆီးတွင် ဆက်လက်ကစားစေလိုပြီး ကွန်တီနှင့်တွေ့ဆုံ ဆွေးနွေးသွားဖွယ်ရှိနေသည်။
J2zty9i8vpnhgghx9qen
လမ်းပတ်က “ချဲလ်ဆီးအသင်း တိုက်စစ်မှာ ကော်စတာမရှိတော့ရင် အစားထိုးဖို့ အတော်လေး ခက်ခဲသွားပါလိမ့်မယ်။ သူဟာနိုင်လိုစိတ် ပြင်းပြင်းနဲ့ ကစားတတ်သူဖြစ်တာကြောင့် ကျန်တဲ့အသင်းဖော်တွေကို လှုံဆော်ရာရောက်ပါတယ်။ လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်လဲ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ကော်စတာလို အတွေ့အကြုံရှိတဲ့ ကစားသမားမျိုးကို လက်လွှတ်ဆုံးရှုံးခံလို့ မဖြစ်ပါဘူး” လို့ပြောကြားသွားခဲ့ပါတယ်။
B67p0pybo0a2q1mlq9rw

Post a Comment

 
Top