0

YBS (၅၈) ခရီးသည်တင် အဌားယာဉ်စီးလာတဲ့ အမျိုးသားလေးဦးဟာ YBS ဂိတ်ထိုးရာ သခင်မြပန်းခြံရှေ့ရောက် ယာဉ် အတက်အဆင်းမှန်တံခါး ခွဲ ခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၁၁ ရက် နံနက်တွင် YBS ဂိတ်ထိုးရာ သခင်မြပန်းခြံရှေ့မှာ မှန်ခွဲခဲ့သည့် အမျိုးသားလေးဦးကို ခရီးသည်တွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း သိရပါတယ်။
‘‘ကျွန်တော်တို့ စီးလာတဲ့ ကားက ရွှေပုစွန်မီးပွိုင့်နားမှာရပ် နေတယ်။ မီးပွိုင့်က စိမ်းနေပေမယ့် ဘုန်းကြီးတွေဆွမ်းခံကြွပြီး လမ်းကူးတော့ ကားတွေအကုန် လုံးရပ်ပြီး မသွားဘူး။ ဒါကို အငှား ပေါ်ကပါလာတဲ့ အမျိုးသားတွေ က နောက်ကနေဆဲ တယ်။ သခင် မြပန်းခြံရှေ့ရောက်တော့ ကားရပ် ခိုင်းပြီး YBS (၅၈) ခရီးသည်တင် ကား ရှေ့အတက်ပေါက်ကမှန်ကို ခွဲ တာပါ’’ လို့ ယာဉ်ပေါ်လိုက်ပါလာတဲ့ အမျိုးသား တဦးကပြောပါတယ်။
ကားမှန်ခွဲခဲ့တဲ့ အမျိုးသားတဦးလက်ထဲမှာ ကားဘီလဲရာမှာ အသုံးပြုတဲ့ ဘောက်စပန်နာနဲ့ ရှေ့အတက်အဆင်း ကား မှန်ကို ခွဲခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း YBS (၅၈) ခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကားမှန်ခွဲခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး YBS (၅၈) ခရီးသည် တင်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက တိုင်စာရေးပြီး အမှုဖွင့် စစ်ဆေးမည်ဖြစ်ကြောင်း အလုံမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မင်းနိုင် ကပြောပါတယ်။

Post a Comment

 
Top