0
 facebook လူမှုကွန်ယက်မီဒီယာ က ပြီးခဲ့တဲ့ သောကြာနေ့က သတင်းအသစ်တစ်ခု ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ၎င်းမှာ " ကျွန်ုပ်တို့သည် လူမှုအဖွဲ့အစည်းအားလုံးနဲ့ လိုက်လျောညီထွေတဲ့ platform တစ်ခုကို တည်ဆောက်နေတယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါ့ကြောင့် သင်တို့ကိုအထူးတုံ့ပြန်မှု ပေးခြင်းအားဖြင့် ချစ်ခြင်းမေတ္တာတွေနဲ့ မတူကွဲပြားမှုတွေအတွက် ဒီpride reaction ကို အထူးreaction အဖြစ် ထည့်သွင်းပေးခဲ့ပါတယ်။" လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။



ဇွန်လဟာ LGBTQ တွေ အထိန်းအမှတ်ကျင်းပတဲ့ လဖြစ်ပါတယ်။ LGBTQ ရဲ့အရှည်ကောက်က
L:  Lesbian
G: Gay
B: Bisexual
T: Transgender
Q: Queer or Questioning
ဖြစ်ပါတယ်။


သက်တန့်အလံသည် ဒိ 2017 မှာ အလွန်လူသိများလာပြီး Gilbert Baker လို့ခေါ်တဲ့ သက်တန့်အလံကျယ်ပြန့်ရေးမှာ တက်ကြွသူတစ်ဥိးက 1978 မှာ Harvey Milk ရဲ့ တောင်းဆိုမှုနဲ့ တီထွင်ခဲ့ပါတယ်။ Gilbert Baker လဲ 2017 မှာသေဆုံးသွားခဲ့ပါတယ်။ [အကိုးအကား ~ New York Times သတင်းစာမှာပါတဲ့ Gilbert Baker ရဲ့နာရေးကြော်ငြာ]။ ၎င်းက သူ့ကိုယ်သူ "the gay Betsy Ross," လို့ တင်စားခဲ့ပါတယ်။











Facebook ကြောင့် ဒီအလံဟာ Pride လအဖြစ် သတ်မှတ်ခံရနိုင်ဖို့ ရေပန်းစားနေပါတယ်။



ဒါပေမယ့် လူများအကြား အထူးသဖြင့် LGBTQ များအတွက် အနည်းငယ်ရှုပ်ထွေးမှုဖြစ်ပေါ်ခဲ့ပါတယ်။








Pride reaction ရအောင်ဘယ်လိုလုပ်ရမလဲ။


ပထမဦးစွာ Facebook ကို Login ဝင်ပါ။
ပြီးလျှင် Facebook@LGBTQ လို့ရှာပါ။ မရလျှင် ဤlink Facebook@LGBTQ ကိုနှိပ်ပါ။
၎င်းpage ကို like လုပ်ပြီး အချိန်အနည်းငယ်အတွင်းမှာ အများနည်းတူ Pride reaction ကိုအသုံးပြုနိုင်ပါပြီ။ 




Original source: Buzz Feed News
Ref: Myanmar Knowledge Corner

Post a Comment

 
Top