0
မေမေသက်မွန်မြင့်တစ်ယောက်ကတော့ ရှုတင်မှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဆုံရမှာ ဖြစ်လို့ ရင်ခုန်နေတယ်လို့ ဆိုပါတယ်။ ဘာလို့ ရင်ခုန်ရလဲဆိုတော့ အကြောင်းအရင်းကိုလည်း သက်မွန်မြင့်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။
 

"ဒီနေ့.ဦးဦးစိုင်းစိုင်းနဲ့ကြော်ငြာရိုက်ရမှာ ရင်တွေခုန်လိုက်တာ ကိုယ်ကဆင်ကိုယ်လုံး သူကဆိတ်ကိုယ်လုံး ဆိုတော့" ဆိုပြီး ရေးသားထားပါတယ်။  သူမရဲ့ ပရိသတ်တွေကလည်းသူမရဲ့ အပြောလေးကို ကြည့်ပြီး ပျော်နေကြပါတယ်။
လွန်ခဲ့တဲ့မိနစ်ပိုင်းကလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရှုတင်မှာ စိုင်းစိုင်းနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။
 

ဓာတ်ပုံထဲမှာတော့ စိုင်းစိုင်းနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံပါသလို သူမတစ်ယောက်တည်း ရိုက်ထားတဲ့ ဓာတ်ပုံလေးလည်း ပါပါတယ်။ တစ်ယောက်တည်း ရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်ပြီး သက်မွန်မြင့် တစ်ယောက် ပိန်သွားတယ်လို့ ပရိသတ်တွေ ကောမန့်ရေးထားတာ ကိုလည်း တွေ့ရပါတယ်။
သက်မွန်မြင့်ကတော့ ယခုနောက်ပိုင်း ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာသလို အနုပညာအလုပ်တွေ ဆက်တိုက် လှုပ်ရှားလာတာတွေ့ရပါတယ်။
 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု  ရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်မှာလည်း "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။
 

သူမဟာ ၂၀၁၄ခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ချစ်သူနဲ့ နှစ်ယောက်တစ်ဘဝကို ထူထောင်ခဲ့တာ ဖြစ်ပြီး ယခုဆိုရင် သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ကလေးပစ္စည်းဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။
Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

Post a Comment

 
Top