0

ပညာရေးဝန်ကြီးဌာနက ကြိုတင်တွက်ချက်ထားသည့် ပထမတန်းတက်ရောက်မည့် ကျောင်း သား၊ ကျောင်းသူပမာဏသည် မူလတွက်ချက်ထားသည်ထက် ပိုမိုများပြားခဲ့၍ ကျောင်းသုံးပြဋ္ဌာန်း စာအုပ် မလုံလောက်မှုများ ဖြစ် ပေါ်ခဲ့သည်။

‘ဆရာတို့လည်း လျာထား အရေအတွက်အပြင် အပိုဆောင်း စီစဉ်ထားပေမယ့် Grade-1 အပ် တဲ့ကျောင်းသားအရေအတွက်က များသွားတော့ လိုအပ်ချက်လေး ရှိသွားတာပါ။ ကျောင်းသားစာ ရင်းကလည်း အခုထိမငြိမ်သေး တော့ အဆင်ပြေအောင် စီစဉ်ပေး ပါမယ်။ အသေးစိတ်ကို နိုင်ငံပိုင် သတင်းစာတွေကနေ ရက်ပိုင်းအတွင်း ကြေညာပေးမှာပါ’’ ဟု ဒေါက်တာအောင်နိုင်စိုးက ပြော သည်။
 ယခင် ပညာသင်နှစ်က သူငယ်တန်း တက်ရောက်ခဲ့သော  ကျောင်းသား အရေအတွက်အရ အခြေခံပညာ ကျောင်းများသို့ ပထမတန်း သင်ရိုးသစ်ကျောင်း သုံးပြဋ္ဌာန်းစာအုပ်များ ဖြန့်ဝေခြင်း ဖြစ်ပြီး ပထမတန်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ၁,၁၇၀,၀၀၀ တစ် နိုင်ငံလုံးသို့ ဖြန့်ဝေထားသည်။
ယခုနှစ်ကျောင်းအပ်နှံရေး ကာလ သူငယ်တန်းမတက်ရောက်သည့် အသက် (၆) နှစ်ပြည့်ပြီး ကလေးငယ်များကိုပါ ပထမတန်းသို့ တိုက်ရိုက်တက်ရောက်ခွင့်ပြုရာ ပထမတန်း ကျောင်းသား၊ ကျောင်းသူမူလခန့်မှန်းထားသည်ထက်များပြားနေပြီး ပြဋ္ဌာန်းစာအုပ်များ လုံလောက်စွာ မဖြန့်ဝေနိုင်ခြင်း ဖြစ်သည်။
‘‘ရန်ကုန်တိုင်းထဲမှာတောင် တချို့ခရိုင်တွေ အလုံအလောက် မရကြသေးဘူး။ တက်လာတဲ့ ကျောင်းသားစာရင်းအရ လိုတာ တွေတော့ လိုက်ဖြည့်ပေးနေတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
ဇွန်လ ၈ ရက်အထိ အခြေခံပညာကျောင်းတိုင်းတွင် ပထမတန်းသင်ရိုးသစ်ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် (ဆရာလမ်းညွှန်နှင့် ကျောင်းသားကိုင်)များ လုံလောက်စွာ မရရှိသေးခြင်းဖြစ်သည်။
‘‘မနှစ်ကကျောင်းမှာသူငယ် တန်းကလေး ၃၈ ယောက်ရှိတယ်။ ပုံနှိပ်တွေပေးဖို့ ကျောင်းသားစာ ရင်းပေးရတော့ သူငယ်တန်းက လေးစာရင်းပဲ ပေးရတာ။ အခုပ ထမတန်းကလေးက ၅၀ လောက် ရှိနေတော့ စာအုပ်ကမလောက် တော့ဘူး။ အပြင်မှာဝယ်ရင်လည်း ၂,၅၀၀ လောက်ရှိတယ် ကြားတယ်။ အဆင်ပြေသလိုသင် နေရတယ်။ ပညာရေးမှူးရုံးကို တော့ တင်ပြထားတယ်။ တစ်ခြား ကျောင်းသားတွေလည်း လူစေ့မ ရကြဘူး’’ဟုမိတ္ထီလာမြို့ အလက (၂) မှ ပထမတန်းသင် ဆရာမ တစ်ဦးကပြောသည်။


Post a Comment

 
Top