0

ကလေးတွေကို Code တွေနဲ့ ပါတ်သက်လို့ သင်ပေးတဲ့ နည်းလမ်းတွေ အများကြီး ရှိနိုင်ပါတယ်။ Fuze ကလည်း အဲ့ဒီထဲက တစ်ခုပါပဲ။ Fuze ဆိုတာဟာ ကိုယ်ပိုင် Programming Language ကို ဖန်တီးနိုင်အောင် လုပ်ပေးတဲ့ ကုမ္ပဏီပါ။ Fuze BASIC ဟာ Microsoft ဖောင်ဒေးရှင်းကနေ တည်ထောင်ထားတဲ့ Classic ကျတဲ့ BASIC Programming Language တွေကို Apple II ဒါမှမဟုတ် Commodore 64 ကွန်ပျူတာတွေအတွက် ပြုလုပ်ရတာဖြစ်ပါတယ်။ ယခုတော့ Fuze BASIC ကို Switch အတွက် ပြုလုပ်ပေးလိုက်ပါပြီ။
Fuze Code Studio ဟာ Nintendo 2D နဲ့ 3D ရဲ့ နောက် Fuze BASIC ကို အသုံပြုခွင့်ပေးလိုက်တာပါ။ Switch တွေနဲ့အတူ ကလေးတွေကို ဂိမ်းတွေ ကိုယ်တိုင်ဖန်တီး ဆော့ကစားစေနိုင်ဖို့အတွက် Joy-Con ဆင်ဆာနဲ့ Control တွေကို ထိန်း။နိုင်ဖို့ ကိုယ်တိုင် Coding တွေရေးသွင်းရမှာပါ။ အဲ့ဒီအပြင် Graphic နဲ့ အသံတွေကိုလည်း ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။
ဒီလိုရိုက်ဖို့ Fuze ရဲ့ Touch ကီးဘုတ်ကိုအသုံးပြုနိုင်သလို စက်နဲ့တွဲနိုင်မယ့် Official Nintendo Switch ကီးဘုတ်လို USB ကီးဘုတ်တွေနဲ့လည်း ရိုက်နိုင်ပါတယ်။

ကိုယ်တိုင် မစမ်းသပ်ပဲ ဘယ်လောက်ထိ ဖန်တီးနိုင်တယ်ဆိုတာ ပြောရခက်ပေမယ့် Sample Screenshots တွေအရ ဂိမ်းတွေဟာ ၉၀ ကျော်လောက်က ဆော့ခဲ့တဲ့ ပုံစံတွေအတိုင်းတွေ့ရမှာပါ။ Fuze Code Studio ဟာ လာမယ့်နွေမှာ Switch eShop တွေကတစ်ဆင့် ဒီကုဒ်တွေကို တင်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။


Ref: The Verge

Post a Comment

 
Top