Amazon နဲ့ Nike တို့ဟာ ပါတနာတွေအနေနဲ့ လက်တွဲပြီး e-commerce ဘီလူးရဲ့
ဝက်ဘ်ဆိုက်မှာ ဖိနပ်တွေကို စတင်ရောင်းချဖို့ ပြုလုပ်နေကြောင်း Bloomberg
ရဲ့ သတင်းအရသိရပါတယ်။ ဒီသဘောတူညီမှုဟာ ကုမ္ပဏီနှစ်ခုလုံးအတွက်
အကျိုးအမြတ်ကြီးတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး အရင်တုန်းက Nike ရဲ့ ပစ္စည်းတွေကို
third-party sellers တွေကနေ ပြန်ယူနေရာမှ ယခုအခါ တရားဝင်ထုတ်ကုန်တွေကို
Amazon.com ကနေ တိုက်ရိုက်ဖြန့်ချိနိုင်တော့မှာပါ။ တခြားတစ်ဖက်မှာလည်း
Amazon ဟာ ဖိနပ်ဈေးကွက်ကနေ ရရှိမယ့် အကျိုးအမြတ်ကို
တိုက်ရိုက်ရရှိနိုင်တော့မှာပါ။
Nike ဟာ အရင်တုန်းက ဖိနပ်တွေကို Amazon ပိုင်ဆိုင်တဲ့ Zappos.com ကနေ တိုက်ရိုက်ရောင်းချခဲ့ဖူးပါတယ်။ ဒါပေမယ့် Amazon ကတော့ Nike ရဲ့ အဓိကပြိုင်ဘက်တွေဖြစ်ပြီး သုံးစွဲသူတွေလည်း အခိုင်အမာရှိတဲ့ Adidas နဲ့ Under Armour တို့ရဲ့ ထုတ်ကုန်တွေကို ဘယ်တော့မှ တိုက်ရိုက်ရောင်းချခွင့် မပြုခဲ့ပါဘူး။ ဒါကြောင့် Nike ရဲ့ ထုတ်ကုန်တွေဟာ နောက်ပိုင်းမှာ Amazon ပေါ်မှာ ဝေဝေဆာဆာ တွေ့ရတော့မှာ ဖြစ်တာကြောင့် ရောင်းအားတွေလည်း တက်လာဖို့ ရှိနေတာပါ။
နောက်ပိုင်းမှာ Nike ရဲ့ ရှုးတွေဟာ Amazon ရဲ့ Prime Wardrobe ဆိုတဲ့ အစီအစဉ်သစ်မှာလည်း ပါဝင်လာမှာပါ။ မနေ့ကမှာ ထုတ်ဖော်ခဲ့တဲ့ ဒီအစီအစဉ်ဟာ အွန်လိုင်းကနေဝယ်လိုက်တဲ့ အဝတ်အထည်တွေကို အိမ်အရောက်ပို့ပေးလိုက်လို့ ဝတ်ကြည့်ပြီးမကြိုက်တဲ့အခါ မဝယ်ပဲပြန်ထားနိုင်တဲ့ အစီအစဉ်ပါ။ ဒီအစီအစဉ်ကို ဖိနပ်တွေအထိ ချဲ့ထွင်ဖို့စီစဉ်နေပြီး Nike ဖိနပ်တွေလည်း ပါဝင်လာတော့မှာ ဖြစ်တယ်လို့ The Verge က ဆိုပါတယ်။

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.