0

သေဆုံးနေသည့် ဧရာဝတီလင်းပိုင်းတစ်ကောင်ကို မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းတွင် တွေ့ ရှိကြောင်း သာငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) မှ ဦးဟန်ဝင်းက ပြောသည်။
ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းက မတ္တရာမြို့နယ် သုံဆယ်ပေးကျေးရွာအနောက်ဘက်ရှိ ဧရာဝတီမြစ်ကမ်းတွင် သေဆုံးနေသည်ကို တွေ့ ရှိရပြီး မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီဌာနက တာဝန်ရှိသူများ၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အဖွဲ့ ဝင်များနှင် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့ မှ သွားရောက်စစ်ဆေးခဲ့သည်။
“ဧရာဝတီလင်းပိုင်းသေဆုံးတာက အသက်ကြီး သေဆုံးတာလို့ ယူဆထားပါတယ်။ ခွဲကြည့်တဲ့အခါ အစာအိမ်ထဲမှာ ငါးတစ်ကောင်ကို အကောင်လိုက် မြိုချထားတာကိုပါ တွေ့ ရပါတယ်။” ဦးဟန်ဝင်းက ပြောသည်။အဆိုပါ လင်းပိုင်၏ အသက်အရွယ်မှာ ၃၀ နှစ် အရွယ် အသက်ကြီးပိုင်းအကောင်အဖြစ် ခန့်မှန်းထားပြီး ယင်း၏ခန္တာကိုယ်အပေါ်တွင် ဒဏ်ရာများ မတွေ့ ရှိရ ကြောင်း ၎င်းက ဆက်ပြောသည်။
သေဆုံးသွားသော ဧရာဝတီလင်းပိုင်မှာ အထီး ဖြစ်ပြီး အရှည်မှာ ၆ ပေ ၃ လက်မ ရှိ၍ လုံးပတ်အရွယ်အစားမှာ ၄၁ လက်မရှိသည်။ ရှေ့ရေယက်မှာ ၁၀လက်မ ရှည်၍ အမြီးအရှည်မှာ ၂၁ လက်မ ရှည်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)မှ သိရသည်။သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၏ ဗန်းမော်နှင့် မန္တလေးကြား ဧရာဝတီလင်းပိုင်စစ်တမ်းကာက်ယူမူအရ ယခုနှစ်တွင်လင်းပိုင်ကောင်ရေ (၆၉) ကောင် ကောက်ယူနိုင်ပြီး သေဆုံးကောင်ရေ (၃) ကောင်ရှိနေသည်ဟု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အဖွဲ့က ပြောသည်။

Post a Comment

 
Top