0

Eng Skills တိုးတက်ချင်သူအ တွက် ဇာတ်ကားတွေကနေ လေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ဇာတ်ကားတွေနဲ့ လေ့လာမယ်ဆိုရင် အရင်ဆုံး subtitle နဲ့ မကြည့်ဖို့ အကြံပြုချင်ပါတယ်။subtitles သုံးရင် နားထောင်တာထက် ဖတ် တာကိုပဲ ပိုစိတ်ရောက်သွားပါလိမ့်မယ်။subtitles မသုံးပဲ  ကြိမ်ဖန်များစွာ ထပ်တလဲလဲ ကြည့်ပါ။အင်္ဂလိပ်စာ တိုးတက်ချင်သူတွေ အနေနဲ့ကတော့ စကား ပြောအရမ်းမြန်တဲ့ ဇာတ်ကားတွေ၊နားလည်ရခက်တာတွေ ထက် နည်းနည်း လွယ်တဲ့ ဇာတ်ကားတွေကနေ စကြည့်သင့်ပါတယ်။


Morden Family

ဒါက ဇာတ်ကားတော့ မဟုတ်ပါဘူး။TV Show ပါ မိသားစုတွေရဲ့ မတူညီတဲ့ စရိုက်တွေအကြောင်း ကိုရိုက်ပြထားတာပါ။ဘာကြောင့် ရွေးပေးရသလဲ ဆိုရ င်တော့ ဒီအထဲမှာ နေ့စဉ်အသုံးပြုနေတဲ့ ပုံမှန်Eng အသုံးတွေပါပါတယ်။ စိတ် ၀င်စားစရာကောင်းတယ်၊နားလည်ရလွယ်ပါတယ်။

#Princess Diaries 1 & 2

ဟာသရိုမန်တစ်ဇာတ်ကားလေးပါ။စကားပြောတွေကလည်း အရမ်း မမြန်သလို အရမ်းကြီးခက်တဲ့ vocabulary တွေလည်း မပါပါဘူး။
#The Fast & Furious

ဒီဇာတ်ကားတွေကတော့ စကားပြောတွေကတော့ နည်းနည်းလေး မြန်ပါတယ်။ ဒါပေမယ့် သင်က ကားနဲ့ ပတ်သက်တဲ့ vocabulary အသစ်တွေကို လေ့လာ သင်ယူချင်တယ်၊အက်ရှင်ကားကြိုက်တယ်ဆိုရင်တော့ ကြည့်ပေးသင့်ပါတယ်။
#Notting Hill

ဒီဇာတ်ကားက ကြာတော့ကြာပါပြီ။ဒါပေမယ့် British & American  လေ ယူလေသိမ်းကို ကျက်မိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ကြည့်ပေးပါ။နှစ် မျိုးလုံးကို တစ်ပြိုင်နက်တည်း ဒီကားထဲမှာ လေ့လာသင်ယူနိုင်ပါတယ်။
#August Rush

ဒီဇာတ်ကားကတော့ ဂီတဘက်မှာ ပင်ကိုယ်အရည်အချင်း ပါရမီ ရှိတဲ့ ကော င်လေးတစ်ယောက်ရဲ့ အကြောင်းပါ။စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်း အ ရာဖြစ်သလို စကားပြောတဲ့ (speaking sentences)တွေကလည်း အရမ်းမ ရှည်ပဲ တိုတဲ့ အတွက် နားလည်ရလွယ်ကူပါတယ်။

#“Twilight” (2008)

ဒီဇာတ်ကားထဲမှာတော့ နေ့စဉ် သုံး အင်္ဂလိပ်စကားပြောတွေ ပါပါတယ်။နား လည်ရလွယ်ပါတယ်။
Ref;csli


Post a Comment

 
Top