0
ကမ္ဘာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် အချို့နေရာတွေက သွားရောက်လည်ပတ် လို့ရသလို အချို့နေရာတွေ လည်ပတ်လို့မရပါဘူး။ အဲဒီလို သွားရောက် လည်ပတ်လို့မရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတွေဟာ ဆန်းကြယ်မှုတစ်ခုစီနဲ့ ပေါက်ရောက်အောင် မသွားနိုင်တဲ့နေရာတွေဖြစ်ပါတယ်။ လူဆိုတဲ့အမျိုးကလည်း မသွား နိုင်တဲ့နေရာကို ပိုပြီး စိတ်ဝင်စားတတ်ကြပါတယ်။ အခုအချိန်အထိ ကမ္ဘာပေါ်မှာ ဘယ်သူမှမရောက်ဖူးသေးတဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ နေရာ(၅)မျိုးကို Bright Side ကဖော်ပြထားပါတယ်

၁။   Mount Weather Emergency Operations Center, Virginia
အမေရိကန်နိုင်ငံ၊ Virginiaမှာရှိတဲ့ Mount Weather Emergency Operations Centerဟာ အမေရိကန်နိုင်ငံရဲ့
လျှို့ဝှက်ဆုံးနဲ့ ဆန်းကြယ်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အဲဒီမှာ အမေရိကန်နိုင်ငံဟာ FMEA (Federal Emergency Management Agency)အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားပါတယ်။ အဆောက်အဦးအနည်းငယ်သာ မြေပြင် ပေါ်မှာရှိပြီး ကျန်တဲ့အဆောက်အဦးတွေကတော့ တောာင်ရဲ့အောက်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ FMEA အဖွဲ့အစည်းဟာ အမေရိကန်နိုင်ငံမှာဖြစ်ပွားမယ့် ကပ်ဘေးတွေ၊ အရေးကြီးတဲ့အခြေအနေတွေ ကာကွယ်ပေးသလို
နိုင်ငံရဲ့လုံခြုံရေးကိုလည်း အထူးကာကွယ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသကို ဘယ်သူမှလာခွင့်မရှိသလို အဖွဲ့အစည်းအဆောက်အအုံတွင်းထဲကိုလည်း ဘယ်နိုင်ငံခြားသားတစ်ဦးမှ ပေးမ၀င်ပါဘူး။

၂။ Svalbard Global Seed Vault, Norway
နောက်ထပ် လည်ပတ်လို့မရဘဲ ဆန်းကြတယ်တဲ့ နေရာတစ်ခုကတော့ နော်ဝေနိုင်ငံ၊ Spitsbergen ကျွန်းပေါ်မှာရှိတဲ့တောင်ရဲ့အထဲမှာ တည်ဆောက်ထားတဲ့ အဆောက်အဦးတစ်ခုဖြစ်ပါတယ်။ အဲဒီအဆောက်အအုံဟာ တောင်ရဲ့အတွင်း ၁၂၀မီတာနက်ပါတယ်။ ပြီးတော့ အဲဒီအဆောက်အအုံဘေးမှာ တူမြောင်းတစ်ခုကိုလည်း တည်ဆောက်ထားပါတယ်။

အေးခဲမှုနဲ့ စိုစွတ်မှုကို ၁၈ဒီဂရီဆဲစီယက်ထိရှိပြီး စိုစွတ်မှုကို နည်းပညာနဲ့ ထိန်းထားသလို တူမြောင်းပတ်ပတ်လည်မှာ ရှိတဲ့ရာသီဥတုကို စက်ယန္တရားတွေနဲ့ ဖန်တီးထားပါတယ်။ အဲဒီနေရာကိုလည်း လူသားအရင်းအမြစ်ရဲ့ နောက်ဆုံးမျှော် လင့်ချက်လို့ တင်စားထားပြီး ကြိုတင်မခန့်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ပေးမယ့် နေရာတစ် ခုဖြစ်ပါတယ်။ ကမ္ဘာမှာရှိတဲ့ သစ်ပင်တွေရဲ့မျိုးစေ့တွေကို အဲဒီအဆောက်အဦးမှာ စိုက်ပျိုးထားပြီး ဘယ်သူကိုမှဝင်ခွင့်မပေးပါဘူး။ လူတွေက မျိုးစေ့တွေကို ဖျက်စီးပစ်လိုက်မှာစိုးလို့ဖြစ်ပါတယ်။

၃။ Vale do Javari Reservation , Brazil
ဘရာဇီးနိုင်ငံ၊ အမေဇုန်တောထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းရာစုနှစ်တွေထဲက ဒေသခံမျိုးနွယ်စု တွေရှိနေပါသေးတယ်။ အဲဒီနေရာကို ဘယ်သူမှမရောက်ဖူးပေမယ့် အခန့်မသင့်လို့ရိုက်ကူးပြီး တွေ့ကြုံခဲ့ရတဲ့ ဓါတ်ပုံဆရာတွေအဆိုအရ လူရိုင်းမျိုးနွယ်(၁၄)မျိုးအထိ နေထိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ကမ္ဘာ့အပြင်ဘက်ကအကြောင်းတွေကို ဘာမှမသိသလို တောတွင်းယဉ်ကျေးမှုနဲ့ပဲနေထိုင်ကြပါတယ်။ နောက်ဆုံး သုတေသနပြုချက်အရ အဆိုပါလူရိုင်းတွေ နေထိုင်တဲ့ ရွာ(၈)ရွာကို တွေ့ခဲ့ပြီး လူဦးရေ (၂၀၀၀)လောက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘရာဇီးအစိုးရက သီးသန့်နေသော လူရိုင်းမျိုးနွယ်စုတွေကို ဒုက္ခမပေးလိုသောကြောင့် အမေဇုန်တောထဲသို့ ၀င်မယ့်နေရာဒေသကို ကန့်သတ်ခဲ့ပါတယ်။
၎။ Club 33, New Orleans
အမေရိကန်နိုင်ငံ၊ New Orleansမှာရှိတဲ့ Club 33အမည်ရတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဟာ အလွန်လျှို့ဝှက်ပြီး တံခါး တွေကိုလည်း အချိန်ပြည့်ပိတ်ထားတယ်လို့ သိရပါတယ်။ အဲဒီကလပ်ကို ၁၉၆၇ခုနှစ်မှာ Walt Disney ဆိုသူက အခန့် မသင့်ဘဲ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီကလပ်ထဲမှာ အလွန်ကျော်ကြားတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ ထင်ရှားကျော်ကြားတဲ့ ပြည်သူ အကျိုးပြုတဲ့သူတွေ၊ တစ်မိုးအောက်မှာ တစ်ယောက်ပဲရှိတဲ့နိုင်ငံရေးသမားတွေပဲ အခြေချတဲ့ နေရာလို့ သိရပါတယ်။ အဲဒီ ကလပ်ထဲဝင်ခွင့်ရဖို့အတွက် လူတစ်ဦးလျှင် ဒေါ်လာ(၁၀၄၅၀)နဲ့ ကုမ္ပဏီတစ်ခုလျှင်( ဒေါ်လာ ၂၇၅၀၀)ပေးရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလပ်အသင်းဝင်ထားတဲ့သူကလည်း တစ်နှစ်ကို ဒေါ်လာ(၃၂၇၅) ဒါမှမဟုတ် ဒေါ်လာ(၆၁၀၀) ပေးသွင်းရတယ်လို့ သိရပါတယ်။

၅။ The Magnetic Island of Es Vedra
နောက်ဆုံး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုကတော့ စပိန်နိုင်ငံရဲ့ ကမ်းရိုးတန်းတစ်လျှောက် ကျွန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။  Es Vedra လို့ အမည်ရတဲ့ အဲဒီကျွန်းဟာ ဂျီအောမေထရီအရ ကမ္ဘာပေါ်မှာ တတိယအားအပြင်းဆုံးကျွန်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကျွန်းမှာ သတ္တုသိုက်တွေတော့ လုံးဝမရှိပေမယ့် ကျွန်းတစ်ကျွန်းလုံးဟာ မီးတောင်ကျွန်း ဖြစ်ပြီး အပူချိန်ဟာ အလွန်ပြင်းထန်တယ်လို့သိရပါတယ်။  စပိန်အစိုးရက အဲဒီကျွန်းက သဘောဝအရင်းအမြစ် ကန့်သတ်နယ်မြေလို့ သတ်မှတ်ထားပြီး အဲဒီနေရာကို သွားခွင့်ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် အချို့ကတော့ အဲဒီ စပိန်အစိုးရတွေက တရားမ၀င်သွားလည်ကြတယ်လို့ ပြောဆိုကြပါတယ်။

Source; Bright Side



Post a Comment

 
Top