0

သန်းကြွယ်သူဌေးများအတွက်တော့ မ၀ယ်နိုင်တဲ့အရာဟာ မရှိတော့သလိုပါပဲ။ဒါအထဲမှာလည်း ခရစ္စတီယာနို ရော်နယ်ဒိုလည်း ပါဝင်လာပြီဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စံချိန်တင် သွင်းဂိုးဆုရှင်အဖြစ်ရပ်တည်နေတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်သလိုကမ္ဘာအကျော်ကြားဆုံးဘောလုံးကစားသမားဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ငှားရမ်းလိုတဲ့သူတွေရှိပါက ငှားရမ်းလို့ရတယ် လို့ Football Leaks သတင်းစာမှ ဖော်ပြခဲ့ပါတယ်။
ထိုသတင်းစာရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုကို ၄ နာရီခွဲကြာငှားရမ်းမယ်ဆိုရင် ပေါင် ၉ သိန်း ၂ သောင်း (မြန်မာငွေ သိန်း  ၁ သောင်း ၆ ထောင်ခန့် ) ကျသင့်တယ်လို့သိရပါတယ်။
Football Leaks သတင်းစာမှ ဖော်ပြခဲ့တာကတော့ ဒီဈေးနှုန်းနဲ့ ရော်နယ်ဒိုရဲ့ ရုပ်ပုံများအသုံးပြုခွင့်၊ဓာတ်ပုံများစီမံခန့်ခွဲခွင့်ကို ဆော်ဒီအာရေဗျ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mobily မှ ၂၀၁၃ ခုနှစ်မှာငှားရမ်းဖူးခဲ့တယ် လို့သိရပါတယ်။Football Leaks သတင်းစာမှဖော်ပြခဲ့တဲ့ အထဲမှာတော့ Mobily ဟာ ၄ နာရီခွဲကြာ ရော်နယ်ဒိုနဲ့ ဓာတ်ပုံရိုက်ခွင့်၊ရော်နယ်ဒို ရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခွင့်နဲ့ ရော်နယ်ဒို လက်မှတ်ထိုးပေးထားတဲ့ အင်္ကျီ ၅ ထည် ကိုရရှိခဲ့တယ် လို့ဆိုပါတယ်။ဒါအပြင် ရော်နယ်ဒိုရဲ့ ဓာတ်ပုံများအသုံးပြုပြီး ပြည်တွင်းမှာ တစ်ရက်တာ ကြေညာခွင့်ကို ရရှိခဲ့တယ် လို့ဆိုပါတယ်။
ရော်နယ်ဒိုဟာလက်ရှိအချိန် ရီးရဲလ်အသင်းမှာ အခွန်ဆောင်ပြီး တစ်ပါတ်လုပ်ခ ပေါင် ၄ သိန်းရရှိနေသူတစ်ယောက်ဖြစ်ပြီး အခုလို ကြော်ညာခတွေက ရော်နယ်ဒိုရဲ့ ၀င်ငွေကို ပိုမို များပြားစေပါတယ်။ဒါအပြင်Football Leaks သတင်းစာမှ မန်ယူကစားသမားတွေဖြစ်တဲ့ ပေါ့ဘာနဲ့ အီဘရာဟီမိုဗစ်တို့ရဲ့ ၀င်ငွေများကိုလည်း ဖော်ပြခဲ့ပါတယ်။ကစားသမားနှစ်ယောက်လုံး ပြီးခဲ့တဲ့ နွေရာသီက မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မိုဗစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမဲ့ မန်ယူအသင်းက ပေါ့ဘာ ကိုတော့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။မိုဗစ်ဟာမန်ယူအသင်းမှာ တစ်ပါတ်လုပ်ခ ပေါင် ၃ သိန်း ၆ သောင်းအထိရရှိနေပြီး ပရီးမီးယားလိဂ် လစာအများဆုံးကစားသမားတစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အပြင် ဒီရာသီမှာ ၂၈ ဂိုးသွင်းယူထားတဲ့အတွက် ဂိုးဘောနပ်စ် အနေနဲ့ ပေါင် ၃ သိန်းခန့်ရရှိနေတယ် လို့ဖော်ပြခဲ့ပါတယ်။ ပေါ့ဘာကတော့ လက်ရှိမှာ တစ်ပါတ်လုပ်ခ ပေါင် ၁ သိန်း ၆ သောင်းအထိရရှိနေပေမဲ့ အပိုဆုကြေးတွေရှိနေသေးတယ် လို့သိရပါတယ်။

Ref : Mirror

Post a Comment

 
Top