အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က Fresno မြို့မှာ နေထိုင်တဲ့
အမျိုးသားတစ်ဦးဟာ Facebook ပေါ်မှာ Deadpool ဇာတ်ကားကို
အစအဆုံး ဖြန့်ဝေခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
၎င်းတင်ခဲ့ဗွီဒီယိုကို ကြည့်ရှုသူ 5 သန်းကျော်အထိ ရှိခဲ့ပြီး၊
ရုပ်ရှင်ထုတ်ဝေသူတွေက နစ်နာသည်ယူ ယူဆကာ တရားစွဲဆိုခဲ့ပါတယ်။

Deadpool ဇာတ်ကားကို 20th Century Fox မှ ထုတ်လုပ်တာဖြစ်ပြီး၊ ပြစ်မှုကျူးလွန်နေစဉ်အချိန်က ရုံတင်ပြသနေဆဲ ဇာတ်ကားမို့ အရမ်းကာရောဖြန့်ဝေခြင်းတွေဟာ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ စီးပွားရေးကို တိုက်ရိုက်ထိခိုက်စေပါတယ်။ ယခု ပြစ်မှုကို ကျူးလွန်ခဲ့သူရဲ့ အမည်ကတော့ Trevon Maurice Franklin လို့ သိရပြီး အသက်ကတော့ 21 နှစ် ရှိပါပြီ။

Franklin ဟာ Tre-Von M. King အမည်နဲ့ Facebook အကောင့်ကို အသုံးပြုပြီး၊ ယခုဗွီဒီယိုကို ဖြန့်ဝေခဲ့တာမို့ လောလောဆယ် သူ့ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူဟာ Deadpool ဇာတ်ကား ရုံတင်ပြသလို့ 8 ရက် အကြာမှာပင် upload ပြုလုပ်ကာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒီပြစ်မှုကြောင့် Franklin ဟာ ထောင်ဒဏ် 3 နှစ်အထိ ချမှတ်ခံရဖွယ် ရှိနေပြီး၊ FBI ရဲ့ စုံစမ်းစစ်ဆေးမှုအရ အခြားဇာတ် ကား အချို့ကိုလည်း မူပိုင်ခွင့်ချိုးဖောက်မှုတွေ ပြုလုပ်ကာ တစ်ဆင့်ပြန်လည်ထုတ်လွှင့်မှုတွေ ရှိခဲ့ကြောင်း သတင်းတစ်ရပ် က ဆိုထားပါတယ်။
Deadpool ဇာတ်ကားမှာ ၀င်ငွေ ဒေါ်လာ 363 သန်းအထိ ရရှိခဲ့ပြီး၊ 2018 ခုနှစ် ဇွန်လ တစ်ရက်နေ့မှာ ယင်းဇာတ်ကား အဆက် Deadpool-2 ကို ထပ်မံထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို Ryan Reynolds က အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပြီး၊ ဒုတိယဇာတ်ကားကိုလည်း Ryan ကပဲ သရုပ်ဆောင်ထားပါတယ်။
source : variety.com

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.