လီဗာပူးအသင်းဟာ
အသင်းအတွက် အကောင်းဆုံး အင်အားဖြည့်မှုအနေနဲ့ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်
တိုက်စစ်မှူးကို ခေါ်ဖို့လုပ်နေတယ်လို့ The Sun ကဖော်ပြသွားခဲ့ပါတယ်။
သူကတော့ အခြားသူမဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်ဖြစ်တဲ့
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးပါပဲ။
ကလော့ပ်ဟာ ဒေါ့မွန်အသင်းကို
ကိုင်တွယ်ခဲ့စဉ်က လီဝန်ဒေါစကီးကို ကမ္ဘာ့ဘောလုံးလောကမှာ ထွန်းတောက်လာအောင်
အရောင်တင်ပေးခဲ့သူဆိုလဲ မှားမယ်မထင်ပါဘူး။ ကလော့ပ်နဲ့ လီဝန်ဒေါစကီးတို့ဟာ
လက်ရှိအချိန်အထိ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိနေဆဲပါ။ လီဗာပူးအသင်းဟာ
လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ရမှာ ဖြစ်တာကြောင့်
အတွေ့အကြုံကောင်းတွေ အများကြီးရှိတဲ့ လီဝန်ဒေါစကီးကို
ခေါ်ယူဖို့စီစဉ်နေတာပါ။
လီဗာပူးအသင်း တိုက်စစ်မှာကလဲ
ကော်တင်ဟို၊ဖာမီနို၊ မာနေးတို့လို ခြေစွမ်းထက်တဲ့ ကစားသမားတွေ
ရှိတယ်ဆိုပေမယ့် လီဝန်ဒေါစကီးလို ပြိုင်ပွဲအတွေ့အကြုံတွေ အများကြီးရှိတဲ့
တိုက်စစ်မှူးမျိုး လိုအပ်နေပါတယ်။ တကယ်လို့သာ လီဝန်ဒေါစကီး
လီဗာပူးကိုရောက်လာပြီး ကော်တင်ဟို၊ ဖာမီနို၊ မာနေးတို့နဲ့သာ
ပေါင်စပ်လိုက်မယ် ဆိုရင်တော့ လီဗာပူးအသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့
ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တော့မှာ သေချာနေပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.