0

အမေရိကန်နိုင်ငံသားဖြစ်သူ Gabriel Ybarraဟာ လေယာဉ်ခုံပေါ်မှာ အပ်ဆူးမိပြီး AIDS ရောဂါဖြစ်ခဲ့တာကြောင့် သူစီးခဲ့တဲ့ Deltaလေယာဉ်လိုင်းကို တရားစွဲဆိုခဲ့ပါတယ်။


Gabriel Ybarraဟာ ၂၀၁၅ခုနှစ်က LAXမှ အတ္တလန္တာကို Deltaလေကြောင်းလိုင်းနဲ့ထွက်ခွာခဲ့တာဖြစ်ပြီး အဖြစ်အပျက်က အဲဒီမှာစဖြစ်ခဲ့တာလို့ Gabriel Ybarraရဲ့ ရှေ့နေက ပြောပါတယ်။ Gabriel Ybarraဟာ သူ့ရဲ့ပိုက်ဆံ အိတ်ကို လေယာဉ်ထိုင်ခုံမှာရှိတဲ့ အိတ်ကပ်ထဲကနေ ဆွဲထုတ်ရာမှ လေယာဉ်အိတ်ကပ် ထဲမှာရှိတဲ့ အပ်နဲ့ လက်ကိုဆူးမိခဲ့တာဖြစ်ပါတယ်။ အပ်စူးသွားတဲ့ Gabriel Ybarra လက်ရဲ့ဒဏ်ရာဟာ သွေးတွေအများကြီး ထွက်ခဲ့တယ်လို့လည်းသိရပါတယ်။

နောက်တော့ အပ်မစူးခင်တုန်းက သူ့မှာဘာရောဂါမှ မရှိပေမယ့် အပ်စူးပြီး ပုံမှန်ဆေးစစ်နေကျ ဆရာဝန်တွေဆီသွားပြီး ဆေးစစ်တဲ့အခါမှာတော့ သူ့မှာ HiVရောဂါဆိုးကြီးရှိနေတာ သိခဲ့ရပါတယ်လို့ Gabriel Ybarraက ပြောခဲ့ပါတယ်။
ပြီးတော့ သူဟာ ပြင်းထန်စွာမူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ၀မ်းလျှောခြင်းစတဲ့ရောဂါတွေခံစားခဲ့ရပါတယ်လို့ Gabriel Ybarraက ပြောခဲ့ပြန်ပါတယ်။


အဲဒီလို Gabriel Ybarraရဲ့ တရားစွဲဆိုမှုကို Deltaလေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီလိုတရားစွဲဆိုမှုကိုကြားတော့ တုန်လှုပ်ခြောက်ခြားမိကြောင်းနဲ့ ခရီးသွားတွေကို အန္တရာယ်ကင်းဖို့နဲ့ လုံခြုံမှုရှိစေဖို့မှာ မိမိတို့ရဲ့ဦးစားပေးဆောင်ပုဒ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Source ; Metro

Post a Comment

 
Top