0
တပ်မတော်လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းများတွင် ရာသီဥတုကိုထည့်သွင်းစဉ်းစား ရန် လိုအပ်ကြောင်း CNN သတင်းဌာန၏ မိုးလေဝသပညာရှင်က မှတ်ချက်ပြု ပြောကြားသည်။
ဇွန်လ ၇ ရက်က မြိတ်မှ ရန်ကုန်သို့ ဦးတည်ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည့် Y8-200F သယ်ယူပို့ဆောင်ရေးလေယာဉ်မှာပင် လယ်ထဲပျက်ကျသွားခြင်းဖြစ် ကြောင်း နောက်ပိုင်းတွင် တပ် မတော်က အတည်ပြုကြေညာခဲ့ သည်။
ဇွန်လ ၈ ရက်တွင် ကျောက်နီမော်ကျေးရွာ အနောက်ဘက် ကမ်းလွန်ပင်လယ်ရေပြင်၌ လေယာဉ်ပျက် အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများကို စတင်တွေ့ ရှိခဲ့ပြီး လက်ရှိအချိန်တွင် ကယ် ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်နေ ဆဲဖြစ်သည်။
အစောပိုင်းသတင်းများ၌ ရာသီဥတုကြောင့် လေယာဉ်ပျက် ကျရခြင်းမဖြစ်နိုင်ဟု ဖော်ပြခဲ့ပြီး လေယာဉ်အဆက်အသွယ်ပြတ် တောက်သွားချိန်တွင် အဆိုပါဒေသ၌ ရာသီဥတုကောင်းမွန်နေ ကြောင်း မြိတ်လေဆိပ်မှ လေ ကြောင်းထိန်းသိမ်းရေးပညာရှင် ဦးကျော်ကျော်ဌေးက CNN ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက လေယာဉ်ထုတ် လုပ်သည့် တရုတ်ကုမ္ပဏီ Sha-anxi လေကြောင်းကော်ပိုရေးရှင်း နှင့် ပူးပေါင်းပြီး ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းမည်ဟု ကြေညာထားသည်။ လေယာဉ် သည် နောက်ဆုံးအဆက်အသွယ် ရရှိချိန်တွင် အမြင့်ပေ ၁၈,၀၀၀ ခန့် မှ ပျံသန်းနေခဲ့သည်။
CNN ၏ မိုးလေဝသပညာရှင် တွမ်ဆက်တာကမူ ထိုအချိန် က ဖြစ်တည်နေသည့် မိုးလေဝသအခြေအနေကို ဂြိုဟ်တုဓာတ်ပုံ များဖြင့် လေ့လာပြီးနောက် ပျက် ကျမှုအကြောင်းရင်းတွင် ရာသီ ဥတုကို မဖြစ်မနေထည့်တွက်သင့် ကြောင်း မှတ်ချက်ပေးခဲ့သည်။
‘‘အချိန်ကစိုစွတ်တဲ့ (မိုး)ရာသီပါ။ မိုးကြိုးမုန်တိုင်းတွေ၊ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ လေယာဉ်ပျောက်ဆုံးသွား တဲ့အချိန်မှာ အဲဒီလိုအခြေအနေ တွေ ထင်ထင်ရှားရှားရှိနေတာမျိုး တော့ မတွေ့ရပါဘူး။ လေယာဉ် မှူးက အမြင့်ပေ ၁၈,၀၀၀ လောက်ကနေပျံတဲ့အခါ အဲဒီနေရာမှာ အပူပိုင်းဇုန် မိုးရွာသွန်းမှုမျိုးရှိနေနိုင် တယ်။ လေယာဉ်က သဲသဲမဲမဲ မိုးရွာသွန်းတဲ့ အခြေအနေမျိုးနဲ့ ကြုံကောင်းကြုံခဲ့နိုင်တယ်။ ဒါ့အ ပြင် အဲဒီနေရာမှာ နောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအတွင်း မိုးတွေထပ်ရွာမယ် ဆိုတာကို လည်း ကျွန်တော်တို့ သိရှိထားပါ တယ်’’ဟု ဆက်တာက ပြော ကြားခဲ့သည်။
ဇွန်လ ၉ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီဥတုဆိုးရွားမှုများ ကြုံတွေ့ရကြောင်း ဖော်ပြထားသည်။
—Ref: တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး FB၊ CNN

Post a Comment

 
Top