0
ပြစ်မှုကျူးလွန်ချိန်မှာ အသက် 14 နှစ်ဆီသာ ရှိကြသေးတဲ့ Lucas Markham နဲ့ Kim Edwards တို့စုံတွဲဟာ ဗြိတိန်
နိုင်ငံရဲ့ အသက်အငယ်ဆုံး နှစ်လောင်းပြိုင်ဘူသတ်သမားများအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူတိုနှစ်ဦးစလုံး ဟာ Kim ရဲ့ ညီမနဲ့ အမေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

နှစ်ယောက်စလုံးဟာ သွေးအေးအေးနဲ့ ညီမနဲ့အမေကို သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ယင်းနောက် သူတို့နှစ်ယောက်ဟာ ရေအတူချိုးခဲ့ပြီး၊ Twilight ဇာတ်ကားကို အတူကြည့်ကာ အေးအေးဆေးဆေး ချစ်တင်းနှောခဲ့ကြပါသေးတယ်။

သေဆုံးသူတွေကတော့ Kim ရဲ့ အမေ Elizabeth Edwards (49)နှစ်နဲ့ Katie Edwards (13)နှစ်တို့ ဖြစ်ပါတယ်။ သူတို့ကို လည်ပင်းတွေကို လှီးဖြတ်ခဲ့ပြီး၊ Twilight ဇာတ်ကား လေးကားကို နှစ်ဦးသား အတူတူ ကြည့်ရှုခဲ့ကြတယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

၎င်းတို့ကို London’s Court of Appeal တရားရုံးက အသက်အငယ်ဆုံး ဗြိတိန်ရဲ့နှစ်လောင်းပြိုင်လူသတ်သမားအဖြစ် ခေါ်တွင်လိုက ခေါ်တွင်ထိုက်ကြောင်း၊ သဘောထားမှတ်ချက် ပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာ Lucas နဲ့ Kim တို့ဟာ အသက် 15 နှစ်ဆီ ကိုယ်စီရောက်ရှိနေကြပြီး အသနားခံခဲ့ပေမယ့် Nottingham Crown Court တရားရုံးက ပယ်ချခဲ့ ပါတယ်။

နှစ်ယောက်စလုံးဟာ အသက်အရွယ်ငယ်သေးလို့ ဥပဒေအရ သက်ညှာခွင့်ရနိုင်ပေမယ့် Nottingham Crown Court တရားရုံးက ” Twilight Killer”လို့တောင် အမည်တပ်ကာ အသက်ငယ်နေသေးလို့ အမှုစစ်ဆေးခြင်းကို ခေတ္တဆိုင်းငံ့ထား
ခဲ့ပြီး ယခုနှစ်မှ ပြန်လည်စစ်ဆေးခဲ့တာပါ။

သူတို့ကို ယနေ့ (ဇွန် 9) ရက်နေ့မှာ ကြားနာမှု ပြုလုပ်ခဲ့ပြီး၊ အမြင့်ဆုံးထောင်ဒဏ် အနှစ် 20 အထိ ချမှတ်နိုင်ပေမယ့် 17 နှစ်ခွဲ အသီးသီးကျခံစေဖို့ တရားရုံးကဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူအနက် မိခင်ဖြစ်သူဟာ ဓားနဲ့ ရှစ်ကြိမ်အထိ ထိုးသွင်းခံရပြီး၊ လက်တွေမှာ ငါးကြိမ်၊ လည်ပင်းမှာ သုံးကြိမ် ဖြစ်ပါတယ်။

ညီမဖြစ်သူ Katie ရဲ့ အလောင်းကိုတော့ သူမရဲ့မွေ့ယာအောက်မှာ တွေ့ခဲ့ရကာ လည်ပင်းပြတ်လုမတတ် ဒဏ်ရာတွေနဲ့  ဖြစ်ပါတယ်။ ရှစ်လက်မအရှည်ရှိ မီးဖိုချောင်သုံးဓားကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အမှုကို စီရင်ချက်ချအပြီးမှာ တရားရေး
ဘက်မှ တာဝန်ရှိသူတွေဟာ သတင်းသမားများရဲ့ အမေးကိုပြန်လည်ဖြေကြားခဲ့ပြီး၊ တရားသူကြီးတွေရဲ့ သုံးသပ်ချက်တွေကို ရှင်းလင်းခဲ့ပါတယ်။




source : mirror.co.uk



Post a Comment

 
Top