0

နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သော သာကေတမြို့နယ်၌ ရက်သတ္တပတ်ကြာ အထိ တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း သာကေတမြို့နယ်မှူး ရဲမှူးကျော်ဝင်းက ပြောသည်။
‘‘အမှုကတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ထူး ခြားမှုမရှိသေးပါဘူး။ စစ်ဆေးနေ တုန်းပါပဲ’’ဟု ရဲမှူး ကျော်ဝင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အတိုင်း ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို သတ် ပြီး ကိုယ်ကိုယ့်ကိုယ်သတ်သေခဲ့ ကြောင်းဖြင့်သာ မှတ်တမ်းတင် အမှုဖွင့်ထားပြီး ဆက်လက်စစ် ဆေးနေသည်မှာ ထူးခြားမှုမရှိ သေးကြောင်း ၎င်းက ပြောသည်။
သာကေတမြို့နယ် ၁၀/ တောင် (၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်က ‘‘အမှုက သတင်းစာထဲမှာပါတဲ့ အတိုင်းပါပဲ။ လက်ရှိ သူတို့အိမ်ငှားထားတာ သုံးလစာမပေးရသေးတော့ ကောင်မလေးဘက်က မိဘတွေက ပေးသွားတယ်လို့ သိရတယ်။ အဲဒီအိမ်ကိုလည်း ပြန်အပ်လိုက်ပြီလို့ ကြားရတယ်’’ဟု ပြောသည်။
အဆိုပါလူသတ်မှုသည် ဇွန်လ ၁ ရက်က သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးရှိ မြရည်နန္ဒာ အိမ်ရာဝင်းအတွင်း ငှားရမ်းနေ ထိုင်သူ အိန္ဒိယနိုင်ငံသား မစ္စတာ ဗစ်တာရာဂျေးနှင့် ဇနီး မခိုင်စံပယ်နှင်းအောင်တို့ နှစ်ဦးသည် ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများဖြင့် သေ ဆုံးခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခင်ပွန်းက ဇနီးကိုသတ်ပြီး ကိုယ်ကိုယ့်ကိုယ်သေကြောင်း ကြံစည်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မခိုင်စံပယ်နှင်းအောင်ကို ရေဝေးသုသာန်၌ ဇွန်လ ၃ ရက် နံနက် ၁၁ နာရီခန့်က သင်္ဂြိုဟ်ခဲ့ ပြီး မစ္စတာဗစ်တာရာဂျေးကို ၎င်း ၏ မိသားစုဝင်များထံ လွှဲပြောင်းပေးခဲ့သည်။
မေလ ၃၀ ရက်တွင် မစ္စတာ ဗစ်တာရာဂျေးက Capital Hyper Market မှ တူနှင့် ဓားမ၀ယ်ယူခဲ့ ခြင်း၊ ဒဏ်ရာများတွင် မိမိကိုယ် ကိုယ်သတ်သေရန် ရည်ရွယ်၍ ဘယ်၊ ညာလက်ကောက်ဝတ် သွေးပြန်ကြော လှီးဖြတ်ဒဏ်ရာ တစ်ချက်စီတွေ့ရသည့်အပြင် ဇနီးသည်၏ ဒဏ်ရာ၌ တူဖြင့် နားထင်ကိုထုသဖြင့် ချိုင့်ဝင်ဒဏ်ရာတွေ့ရှိရခြင်းတို့ကြောင့် ၎င်းသည်ဇနီးကို တူနှင့် ဓားကို အသုံးပြု၍ ဇနီးကိုသတ်ပြီး မိမိကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အပေါ် ဝေဖန်မှုများရှိခဲ့သည်။
သေဆုံးနေသော ဗစ်တာရာ ဂျေး၏ ၀ဲဘက်လက်ကောက်ဝတ် သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ဓာတ်ပုံကို ရဲတပ်ဖွဲ့က ဖော်ပြထားရာ သွေးမထွက်ကြောင်း ထောက်ပြပြီး သေဆုံးပြီးမှသာ လှီးဖြတ်ထားခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုများရှိခဲ့သည်။

Post a Comment

 
Top