0

နည်းပညာတစ်ခုကို ဖြစ်နိုင်၊ မဖြစ်နိုင်ဝေဖန်ကြတာက ဟိုတုန်းကတည်းက ရှိခဲ့တာပါ။ အဲ့ဒီခေတ်၊ အဲ့ဒီအခါတုန်းက ဆရာကြီးဆိုတဲ့သူတွေ ပြောခဲ့တဲ့မှတ်မှတ်သားသားစကားတွေပေါ့။ ဒီဖက်ခေတ်လည်းရောက်ရော သူတို့ပြောတာတွေအကုန်လုံးက  ရယ်စရာတွေဖြစ်ကုန်ရော။ Facebook ပေါ်ကစကားနဲ့ပြောရင်အခွီတွေပေါ့ဗျာ။
 (၁) Streaming Video တွေနဲ့ပက်သက်ပြီး Blockbuster ရဲ့ CEO Jim Keyes ပြောစကား

“RedBox နဲ့ Netflix ကိုပြိုင်ဖက်တွေအဖြစ် ထည့်သွင်းစဉ်းစားစရာမလိုပါဘူး။” Blockbuster ရဲ့ CEO Jim Keyes က ၂၀၀၈ ခုနှစ်တုန်းက the Motley Fool နဲ့အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။
Blockbuster ဟာ တစ်ချိန်တုန်းက အမေရိကရဲ့အကြီးကျယ်ဆုံး ဒီဗီဒီ ဗီဒီယိုနဲ့ဂိမ်းအခွေငှားဆိုင်ကြီးဖြစ်ခဲ့ပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒေဝါလီခံခဲ့ရပါတယ်။ Netflix ကတော့ အခုချိန်မှာ တန်ကြေးဒေါ်လာ 61.93 ဘီလီယံရှိနေပါပြီ။
(၂) Steve Ballmer ရဲ့ပထမဆုံး iPhone အပေါ်ပေးတဲ့မှတ်ချက်

“ဒေါ်လာ ၅၀၀ ဟုတ်လား။ ဘယ်တွေလုပ်နိုင်လို့လဲ။ ဘယ်လုပ်တောင်ကောင်းလို့လဲ။ ဒါကတော့ ကမ္ဘာပေါ်မှာဈေးအကြီးဆုံးဖုန်းပဲ။” ပထမဆုံး iPhone ထွက်တဲ့အချိန်တုန်းက Microsoft ရဲ့ CEO ဟောင်း Steve Ballmer ပြောခဲ့တာပါ။
“စီးပွားရေးသမားတွေတော့ ဒီဖုန်းကဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး။ သူ့မှာ ကီးဘုတ်မှမပါတာ။ ဘယ်လိုလုပ် အီးမေးလ်ကောင်းကောင်းပို့လို့ရမှာလဲ။”
အခုအချိန် iPhone ရဲ့အောင်မြင်မှုကတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ။
(၃) မိုဘိုင်းဂိမ်းတွေအပေါ် Nintendo ရဲ့ မြောက်အမေရိက ဥက္ကဌအမြင်

မိုဘိုင်းဂိမ်းတွေဆိုတာက ကစားတဲ့သူ ဘယ်လောက်များရှိမှာမို့လို့လဲ” Nintendo ရဲ့ မြောက်အမေရိကဥက္ကဌ Reggie Fils-Aime က ၂၀၁၁ ခုနှစ်တုန်းက ပြောခဲ့တာပါ။
တစ်လကို ကစားတဲ့လူဦးရေ ၆၅ သန်းအထိရှိခဲ့တဲ့ Pokemon Go ကြောင့် သူ့အတွေးအခေါ်ပြောင်းလဲသွားပြီ လို့ ထင်ပါတယ်။
(၄)IBM ဥက္ကဌရဲ့ ကွန်ပြူတာတွေအပေါ်မှတ်ချက်

“ကမ္ဘာ့ဈေးကွက်မှာ ကွန်ပြူတာတွေ အလွန်ဆုံးရောင်းရ ငါးလုံးပေါ့” IBM ရဲ့ဥက္ကဌဖြစ်သူ Thomas Watson က ၁၉၄၃ ခုနှစ်ကပြောခဲ့တာပါ။ ဒါပေမယ့် သူဆိုလိုတာက Vacuum-tube သုံးတဲ့ အိမ်လောက်ရှိတဲ့ကွန်ပြူတာကြီးတွေကိုပါ။ နောက်ပိုင်း Semi-conductor နည်းပညာတိုးတက်လာတာကြောင့် ကွန်ပြူတာသုံးစွဲမှုက အလွန်အမင်းမြင့်မားခဲ့ပါတယ်။
 (၅) iPod တွေအပေါ် Motorola ရဲ့ CEO ပြောစကား

“Nano က ရိုက်စားပါဗျာ။ ဘာတွေများကောင်းလို့လဲ။ ဘယ်သူက သီချင်းအပုဒ်တစ်ထောင်လောက် နားထောင်မှာလဲ။” Motorola ရဲ့ CEO ED Zander က ၂၀၀၆ ခုနှစ်မှာကျင်းပခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ Apple ရဲ့ iPod Nano နဲ့ပက်သက်ပြီးပြောခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက Motorola ရဲ့ ROKR က သီချင်းအပုဒ်တစ်ရာလောက်ပဲနားထောင်နိုင်ပါတယ်။ နောက်ပြီး Zander ဟာသအနေနဲ့ပြောခဲ့တာပါလို့ ကုမ္ပဏီကပြန်ဖြေရှင်းခဲ့ပါတယ်။
 (၆) Personal Computers တွေအပေါ် Ken Olsen ရဲ့အမြင်

“ဘယ်သူတွေက သူတို့ရဲ့အိမ်မှာ ကွန်ပြူတာလိုမှာလဲ” Digital Equipment Corp. ရဲ့ တည်ထောင်သူဖြစ်သူ Ken Olsen က ၁၉၇၇ ခုနှစ်မှာပြောခဲ့တာပါ။ Apple က တစ်ကိုယ်ရည်သုံးကွန်ပြူတာကိုမိတ်ဆက်တဲ့ အချိန်တုန်းက ဒီလိုမျိုးမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
 (၇) Google အပေါ် Steve Ballmer ရဲ့မှတ်ချက်

“Google ကတစ်ကယ့်ကုမ္ပဏီကြီးမဟုတ်ပါဘူး။ ပျက်စီးဖို့လွယ်ပါတယ်။” Microsoft ရဲ့ CEO ဟောင်း Steve Ballmer ကပြောခဲ့တာပါ။အခုအချိန်မှာတော့ Google ရဲ့မိခင်ကုမ္ပဏီ Alphabet ရဲ့တန်ကြေးဟာ အရမ်းကိုများပြားလွန်းနေပါပြီ။
(၈) တီဗီတွေအပေါ် 20th Century Fox ရဲ့တွဲဖက်တည်ထောင်သူအမြင်

“တီဗီတွေတွေဈေးကွက်ထဲ ရပ်တည်နိုင်ရင် အလွန်ဆုံးခြောက်လပေါ့။ ဘယ်သူက ဒီသစ်သားသေတ္တာကြီးကိုညတိုင်းကြည့်ချင်မှာလဲ။” 20th Century Fox ရဲ့ တွဲဖက်တည်ဖက်တည်ထောင်သူ Daryl Zanuck ပြောခဲ့တာပါ။ သူပြောတာတစ်ချိန်တုန်းက မှားခဲ့ပေမယ့်အခုတော့ မှန်နေပါပြီ။ ကျွန်တော်တို့ အခုအချိန်အများဆုံးကုန်နေတာ ဖုန်းစကရင်မှာလေ။
(၉) Western Union ဥက္ကဌရဲ့ တယ်လီဖုန်းအပေါ် ငြင်းပယ်မှု

“လျှပ်စစ်ကစားစရာကို ဒီကုမ္ပဏီက ဘာသုံးဖို့လုပ်တာတုန်း” Western Union ရဲ့ဥက္ကဌဖြစ်သူ William Orton က ပြောခဲ့တာဖြစ်ပြီး Alexander Graham Bell’s ရဲ့တီထွင်မှုကိုဝယ်ယူဖို့ အခွင့်အရေးရရှိချိန်၊ ၁၈၇၆ ခုနှစ်တုန်းက ပြောခဲ့တာပါ။

Ref: www.businessinsider.com

Post a Comment

 
Top