0


ကမ္ဘာ့အကြီးဆုံး Online စတိုးကြီး Amazon ရဲ့ CEO ဖြစ်သူ Jeff Bezos ဟာ ကမ္ဘာ့လက်ရှိအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာဖို့ နီးစပ်နေပြီဖြစ်ပြီး ဒီနေရာကို ရရှိဖို့ ဒေါ်လာ ၅ဘီလီယံသာ လိုအပ်တော့တယ်လို့ သိရပါတယ်။
လက်ရှိကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်တဲ့ Microsoft ရဲ့ Cofounder ဖြစ်သူ Bill Gates ဟာ ဒေါ်လာ ၈၉.၇ ဘီလီယံ ကြွယ်ဝနေတာ ဖြစ်ပါတယ်။ Gates နဲ့ Bezos တို့ဟာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကြွယ်ဝချမ်းသာကြတာ ဖြစ်ပေမယ့် Gates ကတော့ သူ့ရဲ့ ပိုက်ဆံတွေထဲက တစ်ဝက်လောက်ကို ပရဟိတလုပ်ငန်းတွေကို ကူညီထောက်ပံ့ခြင်းအားဖြင့် သုံးစွဲပစ်ခဲ့ပါတယ။ ဒါပေမယ့် Bezos ကတော့ Whole Foods ကို ဝယ်ယူလိုက်တာမျိုးလို Amazon ရဲ့ ဖြန့်ချိရေးလုပ်ငန်းကို ချဲ့သည်ထက်ချဲ့ထွင်လာခဲ့တာပါ။
အချက်တွေအရ Amazon ဟာ Whole Foods ကို ဝယ်ယူရမှာ ကုမ္ပဏီရဲ့ စတော့တွေအပြင် Bezos ရဲ့ ကြွယ်ဝမှုထဲက ဒေါ်လာ ၁.၈ဘီလီယံလောက် သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။
မနေ့တုန်းကတော့ Amazon ရဲ့ ရှယ်ယာတွေဟာ တစ်ခုကို ဒေါ်လာ ၁၀၁၇အထိ တက်သွားတာကြောင့် Bezos ရဲ့ ကြွယ်ဝမှုကို တွန်းတင်ပေးလိုက်သလို ဖြစ်ခဲ့တာပါ။ Bloomberg Billionaires Index အရ Bezos ဟာ Gates ရဲ့ နောက် ၈၄.၆ ဘီလီယံနဲ့ ရပ်တည်နေပြီး တတိယနေရာမှာတော့ စပိန်လုပ်ငန်းရှင် Amancio Ortega၊ စီးပွားရေးကျွမ်းကျင်ပညာရှင် Warren Buffett ကတော့ စတုတ္ထနေရာနဲ့ Facebook CEO ဖြစ်သူ Mark Zuckerberg ကတော့ အဆင့် ၅ နေ့ရာမှာ အသီးသီးရပ်တည်နေပါတယ်။ မှတ်သားဖွယ်ကောင်းတာကတော့ အချမ်းသာဆုံး သူဌေးတွေထဲက ၄ဦးဟာ နည်းပညာနယ်ပယ်ထဲက ဖြစ်နေတာပါပဲ။

Bezos ဘယ်လိုမျိုး ပထမနေရာကို ရယူနိုင်မလဲ
  • Whole Foods acquisition : Gates ကို မှီဖို့ နောက်ထပ် ဒေါ်လာ ၅ဘီလီယံလောက်ပဲ လိုတော့ချိန်မှာ Amazon ရဲ့ Physical Business Plan က အားရစရာကောင်းပါတယ်။ Whole Foods ကိုဝယ်ပြီး ကိုယ်တိုင်ကိုယ်ကျ ပစ္စည်းတွေထုတ်လုပ်နြိုင်တော့မှာက အားရဖို့ကောင်းတဲ့ အချက်ပါပဲ။
  • Amazon Video : Bezos အနေနဲ့ Amazon Video Library ကို အာရုံစိုက်တော့မှာပါ။ အရင်နှစ်က Amazon ဖြန့်ချိခဲ့တဲ့ ဇာတ်ကားတစ်ချို့ဟာ အောင်မြင်မှုရှိခဲ့ပြီး အော်စကာအပါအဝင် အခြားဆုတွေအတွက် လျာထားစာရင်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Netfilx လို ရုပ်သံလိုင်းတွေနဲ့ ပူးပေါင်းဖို့လည်း ရှိနေတာကြောင့် တိုးတက်မှုတွေတော်တော် မြင်လာရဖို့ ရှိပါတယ်။

Ref: Tech Times, Financial Times

Post a Comment

 
Top