0

တွင်းအောင်းနေတဲ့ မြွေကြီး ၂ ကောင်ကို အကြောက်အလန့်မရှိ တွင်းတူးဖမ်းဆီးခဲ့တဲ့ ကလေးငယ် ၃ ဦးရဲ့ ရုပ်သံဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာမှာ ရေပန်းစားနေပါတယ်။
ဒီအဖြစ်အပျက်ဟာ ကမ္ဘောဒီယားနိုင်ငံက ကျေးရွာတခုမှာ ဖြစ်ခဲ့တာပါ။ ဇွန် ၁၉ ရက်နေ့ ယူကျုမှာ တင်ထားတဲ့    ရုပ်သံဖိုင်ထဲမှာ ကလေးသုံးဦးဟာ လမ်းလျှောက်လာခဲ့ပြီး တောစပ်တနေရာက ခြုံပုတ်အနီး တွင်းကြီးတခုကို တွေ့ခဲ့ပါတယ်။
သူတို့သုံးဦးဟာ ပါလာတဲ့ ပေါက်တူးနဲ့ အဲဒီတွင်းကြီးကို တူးခဲ့ကြပြီး အတော်အတန် တူးပြီးတဲ့အချိန် တွင်းထဲမှာ မြွေကြီးတကောင်ကို တွေ့ခဲ့တာပါ။
ဒီ့နောက်မှာတော့ သူတို့ထဲက တဦးက မြွေကြီးကို အမြီးကကိုင် တွင်းထဲက ဆွဲထုတ်ခဲ့ပြီး အပြင်ရောက်တဲ့အချိန် နောက်တဦးက မြွေဦးခေါင်းကို တုတ်နဲ့ဖိပြီး ခေါင်းကနေကိုင် ဖမ်းဆီးခဲ့တာကို ထိတ်လန့်ဖွယ် တွေ့ရပါတယ်။
သူတို့သုံးဦးဟာ အဲဒီတွင်းကိုပဲ ဆက်တူးပြီး နောက်ထပ် မြွေကြီးတကောင်ကို ထပ်ဖမ်းခဲ့တာကိုလည်း ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top