0
နေ့စဉ် လူသုံးကုန်ပစ္စည်းတွေထဲမှာ ကျနော်တို့ ထင်မှတ်မထားတဲ့၊ တစ်ခြားနေရာမှာ နည်းလမ်းတစ်မျိုးမျိုးနဲ့ အသုံးချလို့ ရတဲ့ အသုံးဝင်တဲ့ပစ္စည်းတွေ အမြောက်အများကြီး ရှိပါတယ်။ ကတ်သီးကတ် သက် ထည့်သွင်းပေးလိုက်တဲ့ ပစ္စည်းလေးတွေ ဘာအတွက်လည်း၊ ဘယ်လိုသုံးရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံး စမ်းသပ်သုံးစွဲကြည့်ကြပါလို့။

(၁) သိုးမွှေးခေါင်းစွပ်ပေါ်က အမွေးစုတ်ဖွား

တစ်ချိုက သိုးမွှေးခေါင်းစွပ်ပေါ်မှာ အမွေးစုတ်ဖွားလေးတွေ ထည့်သွင်းထားတာကို အလှသဘောလို့ ထင်နေတတ်ကြပါ တယ်။ တကယ်တော့ ဒီအမွေးစုတ်ဖွားလေးတွေက အသုံးဝင်ပါတယ်။ ဒီဦးထုပ်တွေကို စတင်ဝတ်ဆင်ခဲ့ကြသူတွေကတော့ 18 ရာစုက ပြင်သစ်သင်္ဘောသားတွေပါ။ သင်္ဘောအတွင်းပိုင်းကို ၀င်ရောက်ရတဲ့အခါ အပေါ်က မျက်နှာကျက်တွေနဲ့ တိုက်မိခြင်းမှ ကာကွယ်ဖို့ ဒီအမွေးစုတ်ဖွားလေးတွေကို ထည့်သွင်းခဲ့တာပါ။ နောက်ပိုင်းမှာ စစ်တပ်တွေမှာတောင် တပ်ဆင် အသုံးပြုခဲ့ကြပါတယ်။

(၂) ဘောင်းဘီပေါ်က ခေါက်ရိုးကြောင်း

ဘောင်းဘီပေါ်က ခေါက်ရိုးကြောင်းကလည်း ဖတ်ရှင်သက်သက် ထည့်သွင်းထားတာ မဟုတ်ပါဘူး။ 19 ရာစုမတိုင်မီက ဘောင်းဘီတွေမှာ ခေါက်ရိုးကြောင်းတွေ မပါဝင်ပါဘူး။ နောက်ပိုင်းမှာ ဘောင်းဘီထုတ်တဲ့ စက်ရုံတွေဟာ အသားမာပြီး  ခေါက်ရသိမ်းရခက်ခဲတဲ့ ဘောင်းဘီတွေကို စက်ရုံမှာကတည်းက တမင်တကာ ခေါက်ရိုးသက်သက် ထည့်သွင်းပေးခဲ့ ပါတယ်။ ဒီလိုထည့်သွင်းလိုက်တဲ့အတွက် ခေါက်ရသိမ်းရ ကျစ်လစ်သွားပြီး၊ ကုန်ဝင်ဆန့်မှုလည်း ပိုသွားခဲ့ပါတယ်။ နောက် ပိုင်းမှာတော့ ဖတ်ရှင်သဘောမျိုး တွင်ကျယ်သွားခဲ့တာပါ။


(၃) အမျိုးသမီးအတွင်းခံထဲက အိတ်ကပ်ငယ်


အမျိုးသမီးအတွင်းခံ သို့မဟုတ် အမျိုးသားအတွင်းခံထဲမှာ အိတ်ကပ်ငယ်လေးတွေ ထည့်သွင်းထားလေ့ရှိပါတယ်။ ဒီအိတ်
ငယ်လေးထဲမှာ လျှို့ဝှက်ထားအပ်တဲ့ ကွန်ဒုံးကဲ့သို့သော အရာတွေ၊ ပိုက်ဆံနဲ့ လူသိမခံနိုင်တဲ့ ပစ္စည်းတွေကို ထည့်သွင်းနိုင်ပါတယ်။

(၄) ကျောပိုးအိတ်နောက်ကျောက လေးထောင့်သားရေပြား


ကျောပိုးအိတ်နောက်ကျော်မှာ ပါလေ့ရှိတဲ့ အပေါက်နှစ်ပေါက်ပါတဲ့ လေးထောင် သားရေးပြားလေးကလည်း ခရီးထွက်တဲ့ အခါ အသုံးဝင်ပါတယ်။ ဖိနပ်နှစ်ရံ သုံးရံလောက်ကို ဖိနပ်ကြိုးကနေ လျှိုသွင်းပြီး သယ်သွားနိုင်သလို၊ ရေဘူးအိတ်လည်း ချိတ်လို့ ရပါတယ်။ အထူးသဖြင့်တော့ ဖိနပ်ကဲ့သို့သော အိတ်ထဲမှာ အ၀တ်တွေနဲ့ ရောမထားသင့်တဲ့ အရာတွေကို သယ်ယူဖို့ပါ။

(၅) ဖုန်းတွေနောက်ကျောက အပေါက်ငယ်


ဖုန်းတွေနောက်ကျောက Back cam နဲ့ Flash မီးကြားမှာ အပေါက်ငယ်လေး ပါတတ်ပါတယ်။ ဒီအပေါက်ကလေးက အပိုထည့်သွင်းပေးလိုက်တာ မဟုတ်ပါ။ အဓိကမိုက်ဆီကနေ အသံရောထွေးမှုကို လျှော့ချဖို့နဲ့၊ အသံသွင်းတဲ့အခါ အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ဖို့အတွက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(၆) Heinz ketchup ပုလင်းပေါ်က နံပတ် 57


Heniz ပုလင်းလည်ပင်းရဲ့ အောက်ခြေလောက်မှော နံပတ် 57 ဆိုတာ ပါပါတယ်။ ဒါက သူ ထုတ်လုပ်ထားတဲ့ အခြေခံ ကုန်ကြမ်းအရေအတွက်ကို ဖော်ပြတာမဟုတ်သလို၊ ခုနှစ်တစ်ခုကို ကိုယ်စားပြုတာလည်း မဟုတ်ပါဘူး။ ဘာကြောင့် 57 နံပတ်ကို သုံးသလဲဆိုတာ မသိပေမယ့်၊ အတွင်းထဲကနေ ခရမ်းချဉ်သီးဆော့တွေ အပြင်ထွက်တာ နည်းတယ်ဆိုရင် အဲဒီ နံပတ်ပေါ်ကို လက်ဝါးစောင်းနဲ့ ခပ်ဆက်ဆက်ကလေး ရိုက်လိုက်ပါ။ ဆော့တွေ ကျတာ ပိုများလာတာ တွေ့ရပါလိမ့်မယ်။

(၇) မိတ်ကပ်ထုတ်ကုန်များမှာ ပါတဲ့ 6M ကဲ့သို့သော အညွှန်းစာ


မိတ်ကပ်ကဲ့သို့သော ထုတ်ကုန်တွေမှာ 6M, 12M သို့မဟုတ် 24Mဆိုပြီး ပါတတ်ပါတယ်။ ဒါကတော့ မိတ်ကပ်ရဲ့ သက်တမ်းကို ရည်ညွှန်းတာဖြစ်ပြီး၊ ပစ္စည်းကိုဖွင့်လိုက်တာနဲ့ ဒီပစ္စည်းရဲ့သက်တမ်းဟာ 6 လ၊ 1 နှစ်၊ 2 နှစ် သက်တမ်း အတွင်း သုံးလို့ရတယ်ဆိုတာကို ဖော်ပြတာပါ။


source : brightside.me






Post a Comment

 
Top