0


သက်မွန်မြင့်ကတော့ သူမရဲ့ အနုပညာကြေးကို အကြွေးတောင်းသလို တောင်းနေရတဲ့အတွက် စိတ်မကောင်းဖြစ်နေပါတယ်။ တစ်ခါမှလည်း ဒီလိုမျိုး မပြောရမတောင်းရဖူးဘူးလို့ သူမက ဆိုပါတယ်။

အဲ့အတွက် ကိုယ့်ကိုကိုယ်လည်း သိမ်ငယ်လာသလို ခံစားရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
"အင်း ကိုယ့်ရဲ့ အနုပညာကြေးလေးကို အကြွေးတောင်းသလို လိုက်တောင်းရတဲ့အခါ တခါမှ အဲ့လိုမပြောရမတောင်းရဖူးတော့လေ သိမ်ငယ်လာ သလို ခံစားရတယ်ကွယ် ရိုက်ပြီးတာ တပတ်ရှိပြီဆိုတော့လေ လိုချင်မိတာပဲ ကိုယ်မှားများနေလားမသိမသိတော့ပါဘူးကွယ်" လို့ သူမက ဆိုပါတယ်။ ကတိတွေဆိုတာလည်း ယုံရတာ မဟုတ်မှန်း သိပါပြီကွယ်လို့လည်း ရေးသားထားပါတယ်။
သူမရဲ့ ပရိသတ်တွေကလည်း သူမနဲ့ထပ်တူ စိတ်မကောင်းဖြစ်နေသလို တချို့ကျတော့ သူမကို အားပေးစကားတွေ ဆိုထားပါတယ်။ သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု  ရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်မှာလည်း "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။
သူမဟာ ၂၀၁၄ခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ချစ်သူနဲ့ နှစ်ယောက်တစ်ဘဝကို ထူထောင်ခဲ့တာ ဖြစ်ပြီး ယခုဆိုရင် သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ကလေးပစ္စည်းဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။
Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

Post a Comment

 
Top