0

ဆိုင်အဝင်လမ်းကို အဖြောင့်မဖောက်ဘဲ… ဝင်္ကပါလမ်းကဲ့သို့ ကွေ့ကောက်စွာဖောက်ထားသော… အိန္ဒိယနိုင်ငံ မှ အရက်ဆိုင် တစ်ဆိုင်ပါ။
တမင်ဒီဇိုင်းထွင်ပြီး ထိုကဲ့သို့ကွေ့ကွေ့ကောက်ကောက် လမ်းဖောက်ထားခြင်း မဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင်… အရက်ဆိုင်သည် လမ်းမ မှ မီတာ ၅၀၀ အနည်းဆုံး… ဝေးရမည့်ဥပဒေထုတ်ပြန်လိုက်သဖြင့် ထိုကဲ့သို့လမ်းကို မရှည် ရှည်အောင် ကွေ့ကောက်ဖောက်ထားခြင်းပါ။
ယခုဖောက်ထားသည့်အတိုင်း လမ်းမ မှ ဆိုင်အထိ တိုင်းတာ လျှင် မီတာ ၅၂၀ အထိ ဝေးပါသည်။
ဥပဒေ ကို လက်တစ်လုံးခြားလုပ်ပြီး လူလည်ကျသလို လာသောက်သူများအနေဖြင့်လည်းအပြန်မူးနေချိန်တွင် အတော့်ကို ရွာလည်နေနိုင်ပါတယ်ဗျာ။
#Credit_နေခရမ်း

Post a Comment

 
Top