စီးပွားရေးသမားတစ်ဦးက အကြွေးမဆပ်နိုင်သည့် ပြဿနာကြောင့် ဂိုဏ်းစတားအဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲ ဖမ်းဖခ်ါကာ သင်္ချိုင်းမြေတစ်ခုထဲတွင် အရှင်လတ်လတ် မြေမြုတ်သတ်ခဲ့ကြသည်။
အသက်(၄၁)နှစ်အရွယ် Khikmet Salaev ဆိုသူ ရုရှားစီးပွားရေးသမားတစ်ဦးက အမေရိကန်ဒေါ်လာ ၅၂၉,၃၀၀ (ရုရှားငွေ သန်း ၃၀ ကျော်) အကြွေးတင်ခဲ့သည်ကို မဆပ်နိုင်ခဲ့သဖြင့် မော်စကိုမြို့ရှိ သင်္ချိုင်းကုန်းထဲကို ဆွဲခေါ်ကာ အရှင်လတ်လတ် မြေမြုတ်ခဲ့ခြင်းဖြစ်သည်။
၆ ပေအနက်ကျင်းထဲတွင် မြေမြုတ်ခံခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူမှာပါလာသော ဖုန်းဖြင့် အသက် ၃၆ နှစ်အရွယ် အစ်ကိုဖြစ်သူ Ismail ဆိုသူအား ဖုန်းဆက် အကြောင်းကြားနိုင်ခဲ့သဖြင့် အသက်ရှင်ခွင့်ရခဲ့သည် သို့သော် လွ ယ်လွယ်ကူကူတော့ မဟုတ်ခဲ့ချေ..
အစ်ကိုဖြစ်သူ Ismail ညီဖြစ်သူ၏ အကြွေးများထဲက ရုရှားငွေ ၁.၂ သန်းကို စိုက်ပေးခဲ့သော်လည်း အကြွေးမပြည့် မီေ သးသည့် သူ၏ BMW ကားကို ညီဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးကို ရောင်းချပေးခဲ့ရသည်။ အကြွေးများအားလုံး ဆပ်ပြီးသွားသည့်အခါမှ ညီဖြစ်သူအား မြုတ်ထားခဲ့သည့် သင်္ချိုင်းကုန်နေရာကို ဂိုဏ်းအဖွဲ့ထံမှ သိရှိခဲ့ရသည်။
အစ်ကိုဖြစ်သူ လာရောက်တူးဖော်ကယ်ခဲ့ချိန်တွင် ညီဖြစ်သူမှာ မြေကြီးထဲတွင် ၄ နာရီကြာမျှ အသက်လုနေထိုင်ခဲ့ရပြီး နံရိုးကျိုး၊ ဖူးရောင်ဒဏ်ရာများနှင့် ညီဖြစ်သူကို ကယ်တင်နိုင်ခဲ့ကြောင်း ရုရှားမီဒီယာများတွင် ရေးသားဖော်ပြခဲ့သည်။
Credit: popolay
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.