0
ဆီလုပ်ငန်းနဲ့ ၁၉၁၆ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံးဘီလီယံနာ ဖြစ်ခဲ့တဲ့ ဂျွန် ဒီရော့ဖဲလားမှ စပြီး ဘီလ်ဂိတ်၊ကားလိုစ့် စလင်း ဟီလူး၊၀ါရင် ဘတ်ဖတ်၊အမာနီကို စတဲ့ အမျိုးသား ဘီလီယံနာ များလောက်ကို သာ လူတွေ သိခဲ့ကြပါတယ်။ဒါပေမဲ့ အမျိုးသမီးတွေထဲမှာလည်း အောင်မြင်ကြွယ်ဝတဲ့ ဘ၀ကို ပိုင်ဆိုင်နေတဲ့ အမျိုး သမီးတွေလည်းရှိပါတယ်။အမျိုးသမီး ဘီလီယံနာ တွေဟာ နိုင်ငံအနှံ့မှ ဖြစ်ပြီး သူတို့တည်ဆောက်/ဆက်ခံထားရတဲ့ ကုမ္ပဏီများလည်းအောင်မြင်ကြပြီး အရည်အချင်းပြည့်မှီတဲ့ ကုန်ပစ္စည်းများနဲ့ အကောင်းဆုံးဝန်ဆောင်မှုများနဲ့ လည်ပါတ်နေကြတာ ဖြစ်ပါတယ်။အမျိုးသမီး ဘီလီယံနာတွေဟာ 2014 ခုနှစ်မှာ ၁၇၂ ယောက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ၁၈၇ ယောက်နဲ့ ၂၀၁၆ ဖေဖော်ဝါရီလမှာတော့ အမျိုးသမီးဘီလီနာ တွေဟာ ၁၇၂ ယောက်အထိ ပြန်လည် ကျဆင်းသွားခဲ့ပါတယ်။အခု ဒီမှာတော့ အသက်ငယ်ဆုံး အမျိုးသမီး ဘီလီယံနာ များကို ဖော်ပြလိုက်ပါတယ်

၅။ Yvonne Bauer

အသက်                – ၃၈ နှစ်
ပိုင်ဆိုင်မှု               – ၂.၄ ဘီလီယံ
နိုင်ငံ                    –  ဂျာမနီ နိုင်ငံ
လုပ်ငန်း               – Bauer Media Group
၁၉၇၆ – ၁၉၇၇ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ဘေယာဟာ ၂၀၀၅ ခုနှစ်မှာ  Bauer Media Group မှာ ၀င်ရောက် လုပ်ကိုင်ခဲ့ပြီး ဖခင်ရဲ့ အမွေအဖြစ် ၂၀၁၀ ခုနှစ်မှာ Bauer Media Group ရဲ့ ရှယ်ယာ ၈၅ % နဲ့ CEO ဖြစ်လာခဲ့ပါတယ်။ကျန်တဲ့ ၁၅% ကိုတော့ ဘေယာရဲ့ အမများဖြစ်တဲ့ မာဂျာ၊နီကိုလာနဲ့ ဆာစကီယာ တို့ခွဲဝေ ယူကျပါတယ်။Bauer Media Group လုပ်ငန်းဟာ ရေဒီယိုနဲ့ တယ်လီဗေးရှင်း စခန်း ၅၀ ကျော်ခန့်နဲ့ လည်ပါတ်နေတဲ့ အပြင် အလှအပရေးရာ မဂ္ဂဇင်းပေါင်း ၅၀၀ ကျော်နဲ့ Digital Media လုပ်ငန်းပေါင်း ၄၀၀ ကျော် လုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်။Bauer Media Group ကို ဘေယာရဲ့ ဘိုးဘွာဘီဘင်များက ၁၈၇၅ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဘေယာကို သူအမများက အကုန်လွှဲအပ်ပေးခဲ့တာ ဖြစ်ပါတယ်။
၎။ Marie Besnier Beauvalot

အသက်                – ၃၅ နှစ်
ပိုင်ဆိုင်မှု               – ၂.၅ ဘီလီယံ
နိုင်ငံ                    –  ပြင်သစ်  နိုင်ငံ
လုပ်ငန်း               – Lactalis
မာရီကတော့ ချောလည်းချောတဲ့ အပြင် ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ဆိုရမှာပါ။၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူမရဲ့ အဖေဖြစ်သူ Michel Besnier ဟာ Lactalis ကုမ္ပဏီရဲ့ CEO အဖြစ် ၁၉၅၅ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ လုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။မွေးချင်းအစ်ကို  ၂ ယောက် Jean Michel နဲ့  Emmanuel တို့ရှိပြီး Jean Michel ကတော့ လက်ရှိအချိန်မှာ Lactalis ကုမ္ပဏီရဲ့ CEO အဖြစ် လုပ်ကိုင်လျက်ရှိနေပေမဲ့ ကုမ္ပဏီရဲ့ ရှယ်ယာ အများစုကိုတော့ မာရီက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ Lactalisဟာ ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒိန်ချဉ်၊နို့နဲ့ ဒိန်ခဲတို့ကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
၃။ Yang Huiyan

အသက်                – ၃၅ နှစ်
ပိုင်ဆိုင်မှု               – ၄.၇ ဘီလီယံ
နိုင်ငံ                    –  တရုတ် နိုင်ငံ
လုပ်ငန်း               – Country Garden Holdings
Yang Huiyan ဟာ ၁၉၈၁ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး Country Garden Holdings လုပ်ငန်းရဲ့ အဓိက ရှယ်ယာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ယန်ဟာ တရုတ်ပြည်မကြီး အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲမှာ ၂၄ ယောက်မြောက်ဖြစ်ပြီး အာရှတိုက်မှာ အသက်ငယ်ဆုံး နဲ့ အချမ်းသာဆုံး ဘီလီယံနာနဲ့ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာတော့ ၁၅၄ ယောက်မြောက်အဖြစ်ရပ်တည်နေပါတယ်။သူမဟာ ဖခင်ဖြစ်သူ Yang Guoqiang ထူထောင်ခဲ့တဲ့ Country Garden Holdings လုပ်ငန်းရဲ့ ရှယ်ယာများကို ၂၀၀၇ ခုနှစ်မှာ အမွေရခဲ့သူဖြစ်ပြီး Country Garden Holdings လုပ်ငန်းရဲ့ တန်ဖိုးကလည်း တစ်နေ့ထက်တစ်နေ့မြှင့်တက်လာနေပါတယ်။


၂။ Elizabeth Holmes

အသက်                – ၃၃ နှစ်
ပိုင်ဆိုင်မှု               – ၄.၆ ဘီလီယံ
နိုင်ငံ                    –  အမေရိကန် နိုင်ငံ
လုပ်ငန်း               – Theranos
အဲလိဇဘတ် နဲ့ ပါတ်သတ်ပြီး အရေးကြီးတာတစ်ခုကတော့ အဲလိဇဘတ်ဟာ အမွေရလို့ချမ်းသာနေတာ မဟုတ်ပဲ ကိုယ်ထူးကိုယ်ချွန် ကြိုးစားပြီး ချမ်းသာနေတဲ့ အမျိုး သမီး ဘီလီယံနာ တစ်ယောက် ဆိုတာပါပဲ။၁၉၈၄ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး Theranos လုပ်ငန်း တည်ထောင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။သူမရဲ့ Theranos လုပ်ငန်းဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား Palo Alto မှာ အခြေစိုက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သွေးစမ်းသပ်ခြင်းဆိုင်ရာကျန်းမာရေး လုပ်ငန်းများကိုလုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။စတန်းဖို့ တက္ကသိုလ်မှ ကျောင်းထွက်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်က TIME မဂ္ဂဇင်းရဲ့ ကမ္ဘာ့ဩဇာ အရှိဆုံး လူ ၁၀၀ စာရင်းထဲလည်း ပါဝင်ခဲ့ပါသေးတယ်။
၁။ Perenna Kei

အသက်                –  ၂၇ နှစ်
ပိုင်ဆိုင်မှု               – ၁.၃ ဘီလီယံ
နိုင်ငံ                    –  တရုတ် နိုင်ငံ
လုပ်ငန်း               – Logan Property Holdings
Perenna Keiဟာ ၁၉၉၀ ခုနှစ်မှာ ဖွားမြင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ Forbes မဂ္ဂဇင်းက အသက် အငယ်ဆုံးဘီလီယံနာ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ Perenna Keiဟာ Logan Property Holdings ရှယ်ယာ ၈၅ % ကိုပိုင်ဆိုင်ပြီး ဒါရိုက်တာ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ Logan Property Holdings  လုပ်ငန်းကို Perenna Kei ရဲ့ ဖခင်ဖြစ်သူက တည်ထောင်ခဲ့ပြီး ဟောင်ကောင် မြို့အနား ရှန်ဇန် မြို့မှာ ရုံးစိုက်တဲ့  အိမ်ခြံမြေ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ကိုင်ဟာ လန်ဒန် တက္ကသိုလ်မှ စီးပွားရေး အထူးပြုဖြင့် ပညာသင်ကြားခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။



Ref : World’s Top Most

Post a Comment

 
Top