0

အာဆင်နယ်အသင်း နည်းပြအာစင်ဝင်းဂါးဟာ ဆန်းချက်ကိုခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးအသင်းရဲ့ လုပ်ရပ်ကို ဒေါသထွက်နေတယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းဟာ မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထား ခဲ့ပြီးဖြစ်သလို ရောင်းချမှမဟုတ်ဘူးလို့ ကြေငြာထားခဲ့ပြီးပါပြီ။
Rpts13ot5qqcgqwyzckn
ဒါပေမယ့်လဲ မန်စီးတီးအသင်းဟာ ဆန်းချက်ရဲ့ အေးဂျင့်ကနေတစ်ဆင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ကြိုးစားနေတာကြောင့် အာစင်ဝင်းဂါးက ဒေါသထွက်နေတာဖြစ်ပါတယ်။ ဆန်းချက်ကိုယ်တိုင်ကလဲ ၄င်းရဲ့အပြောင်းအရွှေ့ကို အေးဂျင့်ရဲ့လက်ထဲမှာသာ အပ်ထားကြောင်း ပြောကြားထားခဲ့တာကြောင့် အဆိုပါအချက်ကို အသုံးချကာ မန်စီးတီးအသင်းက ဆန်းချက်ရဲ့အေဂျင့်ကို ဆက်သွယ်နေတာပါ။
V9xjyl1w6zotgapy30i4
ယခင်တုန်းကလဲ အာဆင်နယ် ကစားသမားတွေဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ သာဓကတွေ ရှိခဲ့တာကြောင့် ဒီတစ်ကြိမ်မှာလဲ ဆန်းချက်ရဲ့ အပြောင်းအရွှေ့ဟာ ဘယ်လိုဖြစ်လာဦးမလဲ စောင့်ကြည့်ရမှာပါ။ မန်စီးတီးဟာလဲ ဆန်းချက်ဟာ သူတို့အသင်းရဲ့ ဒီရာသီနောက်ဆုံးပစ်မှတ် ကစားသမားဖြစ်တယ်လို့ ပြောကြားထား ခဲ့ပြီးဖြစ်ပါတယ်။

Post a Comment

 
Top