0





အစိမ်းရောင် အန်နာကော်ဒါမြွေကြီးတွေဟာ အလေးချိန်အရ ကမ္ဘာ့အကြီးဆုံး မြွေအမျိုးအစားထဲမှာ ပါဝင်ပြီး ကမ္ဘာ့ဒုတိယအရှည်လျားဆုံး မျိုးစိတ်တွေ ဖြစ်ကြပါတယ်။
တောင်အမေရိက အပူပိုင်းဒေသတွေမှာ ကျင်လည်ကျက်စားတဲ့ ဒီမြွေကြီးတွေဟာ အုပ်စုဖွဲ့ နေထိုင်လေ့ရှိကြပြီး ရေထဲမှာလည်း ရှင်သန်နေထိုင်နိုင်ကြပါတယ်။
သူတို့ဟာ အစာတွေအဖြစ် သားကောင် သတ္တဝါငယ်တွေသာမက သူတို့ထက် အရွယ်ပမာဏ ပိုမိုကြီးမားတဲ့ တောကောင်တွေကိုတောင် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကြက်ခြံတခုထဲကို ဝင်ကာ ကြက်ပေါက်ကလေး ၂ ကောင်ကို ရစ်ပတ်ပြီး တပြိုင်နက်တည်း ဝါးမျိုစားသောက်ခဲ့တာကို ထိတ်လန့်ဖွယ် တွေ့ရပါတယ်။
မြွေကြီးဟာ ခြံအတွင်းကို တွားပြီး ဝင်ရောက်လာချိန်မှာ ကြက်ပေါက်ကလေးတွေဟာ အုပ်စုလိုက်ရှိနေခဲ့ကြတာဖြစ်ပြီး ထိတ်လန့်တကြား ပြေးနေခဲ့ကြတာပါ။
ဒါပေမယ့် နောက်ဆုံးမှာတော့ မြွေကြီးက ကြက်ပေါက်ကလေး ၂ ကောင်ကို ထိုးဆွဲလိုက်ပြီး ခန္ဓာကိုယ်နဲ့ ရစ်ပတ်လိုက်တာကို တွေ့ရပါတယ်။
အချိန်အနည်းငယ်အကြာမှာတော့ ကြက်ကလေးတွေဟာ မလှုပ်ရှားနိုင်တော့ဘဲ သေဆုံးသွားခဲ့ချိန်မှာတော့ မြွေကြီးက ဝါးမျိုစားသောက်ခဲ့ပါတယ်။

Post a Comment

 
Top