0

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက စီရိုနယ်လ်ဒိုမှာ အတောက်ပဆုံးကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်သလို အရေးပါသည့် သွင်းဂိုးများသွင်းယူနိုင်သည့် ကစားသမားဖြစ်သော်လည်း ဂိုးဖန်တီးမှုအပိုင်းတွင် သူက ပိုမိုသာလွန်သည်ဟု မှတ်ချက်ပြုခဲ့သည်။ သတင်းထောက်များက ဇီဒန်းကို သူကစားသမားအဖြစ် ကျင်လည်နေစဉ်ကာလနှင့် ယခု စီရိုနယ်လ်ဒိုတို့တွင် ဘယ်သူပိုကောင်းသလဲဟူ သော မေးခွန်းကို မေးမြန်းခဲ့ရာ ဇီဒန်းက ''ရိုနယ်လ်ဒိုဟာ သံသယရှိစရာ မလိုတဲ့ အရည်အသွေးရှိသူပါ။ သူက ဂိုးသွင်းကောင်းတယ်၊ ဒါက ပိုအရေးကြီင်္း ပါတယ်။ ကျွန်တော်ကတော့ ကောင်းကောင်းကစားနိုင်သလို ဂိုးအချို့လည်း သွင်းနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကစားတဲ့ နေရာကိုက ဂိုးသွင်းရေးအဓိက မဟုတ်ပါဘူး။ ဂိုးဖန်တီးနိုင်မှု အပိုင်းမှာတော့ ကျွန်တော်က သာလွန်ပါတယ်။ ကျွန်တော်ဟာ အသင်းအတွက် အရေးပါတဲ့ ဂိုးအချို့ကို သွင်းယူနိုင်ပေမယ့် အများကြီးတော့ မသွင်းနိုင်ခဲ့ဘူး''ဟု မယုတ်မလွန်ဖြေကြားခဲ့သည်။
ဇီဒန်းက စီရိုနယ်လ်ဒိုမှာ သူကစားစဉ်အချိန်ကနှင့် ခြားနားတဲ့ ခြေစွမ်း တစ်ရပ်ကိုပိုင်ဆိုင်ထားပြီး အသင်းလေ့ကျင့်ရေး အစီအစဉ်မှာပင် အနိုင်ရ လိုစိတ် ပြင်းထန်လွန်းသူဟု ဖွင့်ဟပြောကြားခဲ့သည်။ ဇီဒန်းသည် ရီးယဲလ်အသင်းတွင် ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ငါးနှစ်ကြာ ကစားခဲ့ပြီး ၂ဝဝ၂ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လေဗာကူဆင်အသင်းဘက်သို့ သွင်းယူ ခဲ့သည့် သူ၏ မြေမကျကန်သွင်းချက်ဂိုးမှာ ယခုထိ ချန်ပီယံလိဂ် အလှပဆုံး သွင်းဂိုးစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။

ref: ကြေးမုံ

Post a Comment

 
Top