0

စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားရရှိရန် ကိုရီး ယားကုမ္ပဏီတစ်ခုကသဖန်းဆိပ် ဆည်အတွင်း ရေပေါ် ဆိုလာစနစ် ဖြင့် လျှပ်စစ်ထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း တိုင်းဒေ သကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက် မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဦးသန်း ညွန့်ဝင်းက မေလ ၃၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော တိုင်းဒေသကြီး အစိုး ရအဖွဲ့၏ တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များ ရှင်းလင်းပွဲ တွင် ပြောကြားသည်။
‘‘KECC ဆိုတဲ့ ကိုရီးယား ကုမ္ပဏီ တစ်ခုက သဖန်းဆိပ် ဆည်းအတွင်းမှာ Floating Solar Plan ရေပေါ်မှာ ဆိုလာပြားတွေ တပ်ပြီး လျှပ်စစ်ဓာတ်အားပေး မယ့် အစီအစဉ်ရှိပါတယ်။ အဲဒီစီ မံကိန်းသာ အောင်မြင်လို့ရှိရင် တစ်တိုင်းလုံးတောင်မှပေးနိုင်တဲ့ အပြင် ပိုလျှံလို့ တခြားတိုင်းနဲ့ပြည် နယ်တွေ ပေးနိုင်တယ်လို့ဆိုပါ တယ်’’ ဟု ဦးသန်းညွန့်ဝင်းကပြော ကြားသည်။
KECC ကုမ္ပဏီကကျပ် ၂ ဒ သမ၅ ဘီလီယံကိုအသုံးပြု၍ ကျပ် ၁ ဒသမ ၂ ဘီလီယံကိုသဖန်းဆိပ် ဆည်အတွင်း Floating Solar Plan အသုံးပြုမည်ဖြစ်ပြီး ကျန်ငွေများဖြင့် ရေအားအရင်းအမြစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် နှစ်ရှည်စီမံကိန်း ရေးဆွဲဆောင် ရွက်မည်ဟုဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ကျေးရွာပေါင်း ခြောက် ထောင်ကျော်ရှိသည့်အနက် ကျေးရွာနှစ်ထောင်ခန့်သာ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိနေ၍ ကျန်ကျေးရွာ များ လျှပ်စစ်မီးသုံးစွဲခွင့် ရရှိရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်းကျေး ရွာများရှိ မီးလင်းရေး ကော်မတီ များ၏ ပြဿနာများကို အဓိက ဖြေရှင်းပေးနေရခြင်းဖြစ်၍ လျှပ်စစ်မီးလင်းရေးကိစ္စသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီး မားသော စိန်ခေါ်မှု တစ်ရပ်ဖြစ် ကြောင်း ဦးသန်းညွန့်ဝင်းကပြော ကြားသည်။
နန်းယွန်းမြို့နယ်တွင် တိုင်း ခန်းချောင်း အသေးစား ရေအား လျှပ်စစ်စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြီးစီးပြီး စီမံကိန်းအတွက် ကျပ် ၉,၅၂၅ ဒသမ ၆၀ သန်းကုန်ကျခဲ့ ပြီးလျှပ်စစ်ဓာတ်အား ၉၀၀ ကီလို ဝပ်တွင် ထွက်ရှိသည်။
စစ်ကိုင်းတိုင်းအတွင်း ရေ အားဖြင့် စက်လုံးရေ ငါးလုံးဖြင့် ၁,၈၆၀ ကီလိုဝပ်၊ ဒီဇယ်စက်လုံး ရေ ၈၁ လုံးဖြင့် ၁၂,၈၈၉ ကီလိုဝပ် ဖြန့်ဖြူးခဲ့ရာ စုစုပေါင်းဝင်ငွေကျပ် ၇၁,၄၅၂,၄၆၀ ရရှိသည်။

source
သဖန်းဆိပ်ဆည်နှင့်ရေအားလျှပ်စစ်စက်ရုံ ကျွန်းလှမြို့- စစ်ကိုင်းတိုင်း

Post a Comment

 
Top