0
Ye6py3bmvs9casgedxs9
အဲဗာတန် အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းက မန်ယူအသင်းရဲ့ တိုက်စစ်မှူး ၀ိန်းရွန်းနီအား ခေါင်းမမာရန် တောင်းဆိုသွားခဲ့ကြောင်း သိရသည်။ အကြောင်းမှာ မန်ယူတွင် ဆက်ရှိဖို့ မသေချာတော့သော ရွန်းနီမှာ အဲဗာတန်အသင်းကို ပြောင်းရွှေ့လိုနေသော်လည်း လစာလျှော့ မယူလိုသောကြောင့် အပြောင်းအရွှေ့ နှောင့်နှေးလျက်ရှိသည်။

ထို့ကြောင့် ရော်နယ်ကိုးလ်မန်းက ရွန်းနီအား ခေါင်းမမာရန် တောင်းဆိုသွားခဲ့ပြီး လစာလျှော့ယူကာ အဲဗာတန်အသင်းတွင် ပြန်လည်ကစားသင့်ကြောင်း အကြံပြုသွားခဲ့သည်။ ရွန်းနီမှာ မန်ယူအသင်းတွင် တစ်ပတ်လစာ၂သိန်းခွဲ ရရှိနေသော်လည်း အဲဗာတန်အသင်းက အမြဲတမ်းပွဲထွက်ခွင့်နှင့် လက်ရှိလစာရဲ့ တစ်ဝက်ဖြစ်တဲ့ ပေါင်၁၂၀,၀၀၀ဖြင့် ကမ်းလှမ်းထားပါတယ်။
Lpin9deuo4ttquwdkjsc
တကယ်လို့ ရွန်းနီသာ အသင်းဟောင်း အဲဗာတန်ကို ပြန်ပြောင်းခဲ့မယ်ဆိုရင် လစာလျှော့ယူ ရမှာဖြစ်ပေမယ့် ပွဲထွက်ခွင့်၈၀ရာခိုင်နှုန်း ပေမယ်လို့ ရော်နယ်ကိုးလ်မန်းက ကတိပေးထားပြီးပါပြီ။ ဒါ့ကြောင့်ရွန်းနီအနေနဲ့ လစာလျှော့ယူကာ အသင်းဟောင်း အဲဗာတန်ကို ပြန်ပြောင်းပြီး ပရီးမီးယားလိဂ်မှာပဲ ကျင်လည်မလား၊ ဒါမှမဟုတ် လစာပိုရမယ့်အပြင် နယ်ပယ်သစ်ဖြစ်တဲ့ မေဂျာလိဂ်၊ တရုတ်စူပါလိဂ် တွေကိုပဲ ပြောင်းသွားမလား စောင့်ကြည့်ရမှာပါ။

Post a Comment

 
Top