0



လေယာဉ်တစ်စီး Accident ဖြစ်ပြီဆိုလျင်

(က) လေယာဉ်မှူးများအပါအဝင်ထိုလေယာဉ်ပေါ်တွင်လိုက်ပါသွားသူအားလုံးနှင့်လေယာဉ်ပျက်စီးဆုံး
ရှုံးခဲ့ခြင်း ။

(ခ)လေယာဉ်မှူး(သို့မဟုတ်) ထိုလေယာဉ်ပေါ်တွင်လိုက် ပါသွားသူတစ်ချို့အသက်ရှင်လျက်ကျန်ရစ်ပြီး
လေယာဉ်ကြီးပျက်စီးဆုံးရှုံးခဲ့ခြင်း။

(ဂ)လေယာဉ်ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်းထိုလေယာဉ်ပေါ်လိုက်ပါသွားသူအားလုံးအသက်ရှင်လျက်
ရှိနေခြင်း ။
                      စသော ယေဘူယျ အခြေအနေ တွေနှင့်ကြုံရတတ်ပါသည်။



လေယာဉ်တစ်စီးaccident ဖြစ်ပြီဆိုသည်နှင့် ချက်ခြင်းပင်သက်ဆိုင်ရာအာဏာပိုင်က investigation team
ဖွဲ့ပေးပြီး ထို crash scene ရှိရာသို့အမြန်ဆုံးရောက်အောင်သွားရကာ ထိုလေယာဉ် accident ဖြစ်ရခြင်း အကြောင်းအရင်း ကို investigation လုပ်ရပါသည်။

ထို Team တွင်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှကျွမ်းကျင်ပုဂ္ဂိုလ်(၁)ဦး(၂)ဦး ၊ထိုလေယာဉ်qualified ဖြစ်သည့် ကျွမ်းကျင်လေယာဉ်မှူး(၁)ဦး၊ထိုလေယာဉ်ကိုqualified ဖြစ်သည့် ကျွမ်းကျင်အင်ဂျင်နီယာတစ်ဦး
တို့ အနည်းဆုံးပါဝင်ရပါသည်။

ကျွန်တော်တို့နိုင်ငံတွင်လက်ရှိပြုလုပ်နေသောအခြေအနေဖြစ်ပါသည်။

ထိုinvestigation team ၏တာဝန်သည်အလွန်ကြီးမားလှပါသဖြင့်ဖြစ်နိုင်ခြေများကိုရှာဖွေရခြင်း၊ မေးမြန်းစုဆောင်း မှတ်သားရခြင်း၊မှတ်တမ်းတင်ရခြင်း၊သုံးသပ်ရခြင်း၊ဆုံးဖြတ်ရခြင်း၊အတည်ပြု ရခြင်း၊ နောက်ထပ်ထိုသို့သော accident မျိုးမဖြစ်စေရန်အကြံပြုရခြင်းတို့ကိုသတ်မှတ်ရက် အတွင်းပြီးစီးအောင် ဆောင်ရွက်ရပါသည်။

အမျိုးအစား(က) accident ဖြစ်သည့်"လေယာဉ်မှူးများအပါအဝင်ထိုလေယာဉ်ပေါ်လိုက်ပါ သွားသူအားလုံးနှင့် လေယာဉ်ပျက်စီးဆုံးရှုံးခဲ့ရသောဖြစ်စဉ်မျိုးတွင် investigation team အနေဖြင့် အတော်ကိုကြိုးစား ပမ်းစားလိုက်ရပါသည်။ မျက်မြင်သက်သေသာ အားကိုးစရာရှိတော့သည်။ မျက်မြေသက်သေရှိခဲ့လျင် ထိုသူတို့ပြောပြသမျှမှတ်တမ်းတင်ရပါသည်။

မျက်မြင်သက်သေပင်မရှိခဲ့လျင်တော့ investigationသည်အတော်ကိုခက်ခဲပါပြီ။ လေယာဉ်အပျက်နေရာကို သိခဲ့လျင်ထိုနေရာသို့ရောက်ခဲ့လျင် Black box ရအောင်ရှာရုံသာရှိပါသည်။Black box ရှာပုံတော်ကတော့၊ အတော်ကိုတာဝန်ကြီးမားသလို၊ဝိုင်းဝန်းပံ့ပိုးမှုများ၊အကူအညီများများစွာလိုပါသည်။

လေယာဉ်ပျက်၏အခြေအနေ၊လေယာဉ်ပျက်တည်ရှိ ရာနေရာပေါ်မူတည်၍လည်း Black box ပြန်ရရေး၊ မရရေးသည်ကန့်သတ်ချက်ဖြစ်နေပြန်ပါသည်။


လေယာဉ်ပျက်သည် ရာသီဥတုကြမ်းတမ်းပြီးသွားလာရခက်ခဲသော တောင်ထိပ် ၊တောင်ကမ်းပါးယံ တွေမှာလား၊တောနက်ကြီးတွေထဲမှာလား၊ ပင်လယ်သမုဒ္ဒရာကြမ်းပြင်မှာလားဆိုသော ကန့်သတ်ချက်တွေ ရှိနေပါသည်။

တိုးတက်ချမ်းသာသောတိုင်းပြည်ကြီးများတွင်တော့ လူတို့၏တီထွင်ဖန်တီးမှုစွမ်းရည်ဖြင့်ရသမျှကြိုးစား နေကြတာတွေ့ရသည်။

ပင်လယ်သမုဒ္ဒရာကြမ်းပြင်အထိ အထူးပြုလုပ်ထားသောရေငုပ်သင်္ဘောအငယ်စား ကလေးများနှင့် ဆင်းရှာနေတာတွေကို လေ့လာဖတ်ရှုရပါသည်။

သို့သော် Black box သည်လည်းလူတို့ဖန်တီးထား သောအထူးပစ္စည်းတစ်ခုသာဖြစ်ပါ၍ ကန့်သတ်ချက် ရှိပါသည်။ လောင်းကျွမ်းသောမီးအပူချိန်အတော်ပြင်းပြင်းကို အချိန်ကန့်သတ်ချက်တစ်ခုအထိသာခံနိုင်ခြင်း၊
ရေအောက်ကြမ်းပြင် ဆားငံရေတွင်လည်းသတ်မှတ်ဖိအား၊ သိပ်သည်းဆနှင့်အချိန်ကာလ တစ်ခုအထိသာခံနိုင်ခြင်းစသည့်ကန့်သတ်ချက်တွေရှိပါသည်။

လူတို့မစွမ်းသာသောကန့်သတ်ချက်များရှိနေပြီး ထို Black box ကို Serviceable condition တွင်မရရှိနိုင်လျင်တော့ investigation result ရရန်အတော်ကိုခက်ခဲပါတော့မည်။

အမျိုးအစား (ခ) accident ဖြစ်သည့် လေယာဉ်မှူး (သို့မဟုတ်)လေယာဉ်ပေါ်တွင်လိုက်ပါ သွားသူတစ်ချို့ အသက်ရှင်၍ ကျန်ရစ်ခဲ့သော်လည်း လေယာဉ်ကြီးပျက်စီးဆုံးရှုံးခဲ့သောဖြစ်စဉ်မျိုးတွင် investigation team အနေဖြင့်အတော်ကိုအသက်ရှူချောင်သည်ဟုဆိုနိုင်ပါသည်။

ကြုံတွေ့ခဲ့သမျှကိုလေယာဉ်မှူးအားစစ်ဆေးခြင်း၊ အသက်ရှင်လျက်ကျန်ရစ်သောခရီးသည်တစ်ချို့အား စစ်ဆေးခြင်း၊ မျက်မြင်သက်သေများအားစစ်ဆေးခြင်းဖြင့်ကနဦးသတင်းများရှိနိုင်ပါသည်။

ထိုလေယာဉ်ပျက်မှ Black box ပါ Serviceable condition ဖြင့်ပြန်ရခဲ့လျင်တော့ Black box အဖြေ များနှင့် ထိုလေယာဉ်ပေါ်ပါအသက်ရှင်ကျန်ရစ် သောလေယာဉ်မှူး၊ခရီးသည်တို့၏ ထွက်ဆိုချက်များ နှင့်တိုက်ဆိုင်စစ်ဆေးပြီးinvestigation result ထုတ်ယူရုံသာရှိပါသည်။

(ဂ)အမျိုးအစား accident ဖြစ်သည့်လေယာဉ်ကြီးထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံးအသက်ရှင် သည့်အခြေအနေမျိုးတွင်လည်း investigation team အနေဖြင့် စုံစမ်းဖော်ထုတ် ရတာ မခက်ခဲလှပါပာုပြောနိုင်ပါသည်။ (ခ)accident ကဲ့သို့ပင် ဆောင်ရွက်နိုင်ပါသည်။

၂၀၁၄ခုနှစ်မတ်လ(၈)ရက်ညပိုင်းက မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ပီကင်းသိုပျံသန်းလာသော  Malaysia Airlines Flight 370(MH 370) Boeing 777 လေယာဉ်ကြီးပျောက်ဆုံးသွားခဲ့သော ဖြစ်စဉ်အတွက် investigation team များ ယနေ့ထက်တိုင် မပြီးဆုံးနိုင်သေးပါ။

ခေတ်မီသော၊ဓနအင်အားပြည့်စုံသောတကမ္ဘာလုံး မှနိုင်ငံကြီးတွေကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသော် လည်းယနေ့တိုင်အဖြေမရှာနိုင်သေးပါ။ Black box ကိုလည်းရရှိပြီဟုတရားဝင်သတင်းထုတ် ပြန်တာမတွေ့ရသေးပါ။ အာဖရိကကမ်းခြေဖက်တွင်လေယာဉ်အစိတ်အပိုင်းဟု ယူဆရသော အစိတ်အပိုင်းတချို့တွေ့ရသည်ဟုသာသိရပါသည်။ ကျွန်တော်တင်ပြခဲ့သည့်(က)accident အမျိုးအစား ဖြစ်ပါသည်။ အလွန်ခက်ခဲနက်နဲသောinvestigation ဖြစ်ပါသည်။

Aircraft accident investigation တစ်ခုတွင် Black box ကိုရှာဖွေတွေ့ရှိပြီဟုဆိုလျင်စနစ်တကျ ချိတ်ပိတ်သိမ်းဆည်းထားရသည်။ ပြီလျင် ထို Black box ကိုအဖြေထုတ်ပေးနိုင်မည့် နိုင်ငံ၊အဖွဲ့အစည်းကိုဆက်သွယ်ရပါသည်။ ကမ္ဘာပေါ်တွင် Black box ကိုအဖြေထုတ်ပေးနိုင် သောနိုင်ငံ၊အဖွဲ့အစည်းများသိပ်တော့မများလှပါ။ ကျွန်တော်သည် Aircraft accident investigation team တစ်ခုတွင်ပါဝင်ခဲ့ဖူးပြီး၊Black box ကိုအဖြေရှာသည့် team တွင်ပါ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ဖူးပါသည်။
ကျွန်တော်တို့ team သည်စနစ်တကျချိတ်ပိတ်ထုတ် ပိုးထားသော Black box ကိုကိုယ်တိုင်ကိုယ်ကျ သယ်ယူ၍ Australia နိုင်ငံ Canberra မြို့ရှိ ATSB (Australian Transport Safety Bureau) တွင်ထိုနိုင်ငံမှပညာရှင်များနှင့်အတူ Black box investigation ပြုလုပ်ခဲ့ပါသည်။

Black box တွင်အဓိကပစ္စည်း (၂)မျိုးပါဝင်ပါသည်။
CVR (Cockpit Voice Recorder)နှင့်
FDR (Flight Data Recorder )ဖြစ်ပါသည်။

Black box မှCVR နှင့် FDR ကိုသီးခြားစီခွဲထုတ်ပြီး အဖြေရှာရပါသည်။
တိုးတက်သောနည်းပညာများ၏အံ့မခန်းသော ရလဒ်များကိုတွေ့ရှိခဲ့ရပါသည်။
Cockpit Voice Recorder မှာ လေယာဉ်မှူးအချင်းချင်းပြောသမျှအပြန်အလှန် စကား၊လေယာဉ်မှူးနှင့် လေကြောင်းထိန်းဝန်ထမ်းတို့ အပြန်အလှန်ပြောသောစကား၊လေယာဉ်မှူးနှင့် Cabin crew လေယာဉ်မယ်တို့သတင်းပို့ချက်များ အားလုံးကိုတစ်ခွန်းမျှမကျန်အောင်အသံပီပီသသဖြင့် interpretation ပြုလုပ်နိုင်ပါသည်။

Flight Data Recorder မှာတော့ Flight စတင်ပျံသန်းလာကတည်းက အင်ဂျင်စက် အခြေအနေ(Engine parameters)၊ လေယာဉ်မှူး၏ကိုင်တွယ်ထိန်းသိမ်းမှု(Pilot's engine handling and control)၊ လေယာဉ်ပျံသန်းခဲ့သည့်လမ်းကြောင်း (Flight track ) ၊Flight ၏နောက်ဆုံးအခြေအနေ (The last situation of flight)အထိပင် ဇယားများ၊ဂရပ်များဖြင့်တိတိကျကျ အဖြေထုတ်ပေးပါသည်။

(ခ)နှင့်(ဂ)accident မျိုးတွင်သက်ရှိထင်ရှားရှိသော လေယာဉ်မှူး၏ထွက်ဆိုချက်များနှင့် CVR ,FDR တို့မှအဖြေများနှင့်တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ လေယဉ်မှူးအနေဖြင့်အခြေအနေမှန်နှင့်သွေဖီ၍ ထွက်ဆိုထားလျင်သော်မှ အဖြေမှန်ကို BLACK BOX ကပေးပါလိမ့်မည်။

ထိုBLACK BOX အဖြေများကို သုံး၍သက်ဆိုင်ရာ ပညာရှင်က ထိုAccident flight ကိုအစမှအဆုံးအထိ Animation Flight အဖြစ်ပင်ပြုလုပ်ပေးနိုင်ပါသည်။ ထို Animation သည် ထို flight အစမှအဆုံးအထိ ကိုတကယ့်flight ပျံသန်းနေသည့်အတိုင်းကြည့်ရှုရ ခြင်းဖြစ်ပါသည်။

ထို့ကြောင့် Aircraft accident investigation များတွင် BLACK BOX အားရအောင်ရှာယူရခြင်းဖြစ်ပါသည်။
ကျွန်တော်သိသမျှယေဘူယျ သဘောမျှသာတင်ပြခြင်းဖြစ်ပါသည်။
လေယာဉ် Accident ဖြစ်ပြီဆိုလျင်ဘာဖြစ်သွားတာ၊ဘယ်လိုဖြစ်သွားတာ ဆိုတာတွေကို ထင်တစ်လုံးဖြင့် “ငါ့စကားနွားရ "မပြော၊မရေးသင့်ပါ။ အပြောတွေစည်းစောင့်ရန်လိုသလို၊အရေးတွေလည်း စည်းစောင့်ရန်လိုပါသည်။

မိမိ၏ ငါ့စကားနွားရ"အပြော" "အရေး" ဖြင့် အကုသိုလ်မယူသင့်သလို ပါဝင်ပတ်သက်နေသူများ ကိုလည်း စိတ်အနှောက်အယှက်မပေးသင့်ပါ။
အကြောင်းရှိ၍ အကျိုးဖြစ်ခြင်းဖြစ်ပါသည်။
အချိန်တန်လျင် ထိုအကြောင်းကို Accident Investigation Team ကထုတ်ပြန်ပေးပါလိမ့်မည် ။
ချစ်မိတ်ဆွေတို့အားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ ရှိကြပါစေခင်ဗျာ ။

Credit
Thein Zaw
Thanks much for sharing knowledge, Captain.

Post a Comment

 
Top