0
Chienna Filomeno လို့ အမည်ရတဲ့ မော်ဒယ်မလေးရဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်တွေပေါ်မှာ နေရာယူလာခဲ့တာ ရက်သတ္တပတ် ကြာမြင့်ခဲ့ပါပြီ။ Got to Believe တီဗွီရှိုးမှာ လူသိများကာ ထင်ရှားခဲ့တဲ့ Filomeno ဟာ သူမရဲ့ ဒုတိယ
မြောက် ဇာတ်ကားဖြစ်တဲ့ Just the Way You Are မှာလည်း အလွန်အောင်မြင်ခဲ့ပါတယ်။


ဇာတ်ကားတိုင်းမှာ Filomeno ဟာ ဗီလိန်အမျိုးသမီးဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရပေမယ့် သူမရဲ့ သရုပ်ဆောင်ချက်တွေက ပီပြင်လွန်းလို့ အပြိုင် မင်းသားမင်းသမီးတွေထက်တောင် အားပေးမှု ခံခဲ့ရသူ ဖြစ်ပါတယ်။ သူမဟာ အသက် 20 သာ ရှိသေးပြီး၊ ကြော်ငြာမော်ဒယ်လောကမှာတဲ့ သရုပ်ဆောင်မင်းသမီးဘ၀က ပိုပြီး အောင်မြင်ခဲ့သူပါ။

အခုအခါမှာတော့ သူမရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက် အင်စတာဂရမ်မှ စတင်ပျံ့နှံ့လာခဲ့ပြီး လူတိုင်းက သူမရဲ့ လှပတဲ့ကောက်ကြောင်း၊ ရဲဝင့်တဲ့အကြည့်၊ မထိတရိအပြုံး၊ မပေါ့်တပေါ် အလှ၊ မကြွတကြွ အ၀တ်အစားလေးတွေနဲ့ လိုက်ဖက်တဲ့ အသားရေ၊ တည်ငြိမ်တဲ့ အလှတရားတွေကို ချီးကျူးပြောဆိုတာကို ခံခဲ့ရပါတယ်။

တစ်ချို့က သူမကို ဘာတွေစားလို့ ဒီလောက် လှနေတာလဲ၊ ဘာလို့များ ကျစ်လစ်သွယ်လျှတဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ထား
တာလဲလို့ မေးကြပါတယ်။ သူမက အခြားမင်းသမီးတွေလို ဘာတွေကို ရှောင်တယ်၊ ဘယ်လိုအစားအစာတွေနဲ့ Diet လုပ်တယ်ဆိုပြီး မဖြေခဲ့ပါဘူး။ သူမရဲ့ အဖြေက ” ကျမကတော့ စားချင်တာ စားပစ်တာပဲ “လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် သူမ ကြိုက်နှစ်သက်တဲ့ အစားအစာတွေကလည်း အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့၊ သစ်သီးဝလံတွေ ဖြစ်နေလို့ သူမကို ဒီလို လှပကျန်းမာတဲ့ အသားရေကို ပေးစွမ်းနိုင်တာလို့ ဆိုရမှာပါ။ Filomeno က ” ပြောစရာကတော့ အထွေ အထူး မရှိပါဘူး .. ကျမကတော့ ကိုယ်စားချင်တာ စားပစ်လိုက်တာပဲ ..”လို့ ဆိုပါတယ်။

သူမက ဆက်လက်ပြီး “နောက် ကျမက Diet လုပ်တယ်ဆိုတာကို အယုံအကြည် မရှိပါဘူး .. အကြောင်းကတော့ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ဓာတ်ပမာဏတွေဆိုတာ ကိုယ်က ပေးကို ပေးသင့်တယ်လေ … ဒါပေမယ့် ကျမတော့ သစ်သီးဝလံနဲ့ ဟင်းရွက်မျိုးစုံကို နေ့စဉ် မပါမဖြစ် စားပါတယ် “လို့ ဆိုခဲ့ပါတယ်။

source : viral4real.com

Post a Comment

 
Top