0

ပြီးခဲ့တဲ့အပတ်က စီရော်နယ်ဒိုဟာ ရီးယဲလ်ကနေထွက်ခွာတော့မယ်လို့ ပေါ်တူဂီအသင်းဖော်တွေကို ပြောခဲ့ပြီးနောက် မှာတော့ သူ့ရဲ့အပြောင်းအရွှေ့ဟာ လှုပ်ခတ်လာခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့စကားတစ်ခွန်းပြီးတာနဲ့ ကောလာဟလ သတင်းတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တာပါ။

ကာဒစ်ဖ်မြို့မှာကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်စီရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်စ်နဲ့ ပီအက်စ်ဂျီ အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီတို့ အပြောင်းအအရွှေ့ကိစ္စအတွက် လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့သတင်းတွေထွက်ပေါ်
လာသလို ပီအက်စ်ဂျီကလည်း သူ့ကိုစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စီရော်နယ်ဒိုအနေနဲ့ သူ့ရဲ့နှလုံးသားထဲမှာရှိနေတဲ့ မန်ယူကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေ လည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် စီရော်နယ်ဒိုဟာ မန်ယူကို ပြောင်းရွှေ့ဖို့ရာခိုင်နှုန်းတယ်လို့လည်း ဝေဖန်မှုတွေ
ရှိပါတယ်။ ဘာလို့လည်းဆိုတော့ လက်ရှိမန်ယူနည်းပြမော်ရင်ဟိုနဲ့ စီရော်နယ်ဒိုတို့ဟာ ဆရာနဲ့တပည့်ဟောင်းတွေဖြစ် ကြပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိပေမယ့် မကောင်းတဲ့အဖုအထစ်လေးတွေလည်းရှိပါတယ်။ အထူးသဖြင့် မော်ရင်ဟို
နဲ့ စီရော်နယ်ဒိုတို့ရဲ့ လက်ရှိဆက်ဆံရေးက မကောင်းဘူးလို့ ဆိုရမှာပါ။ မော်ရင်ဟိုက စီရော်နယ်ဒိုကိုပြောတဲ့ စကားကြီး(၈)ခွန်းရှိပါတယ်။ အဲဒါတွေကတော့ –

၁။ ချယ်လ်ဆီးပထမနည်းပြဘ၀ – ဧပြီလ ၂၃၊ ၂၀၀၇
”မန်ယူအသင်းအနေနဲ့ ပင်နယ်တီရသင့်ခဲ့တယ်လို့ စီရော်နယ်ဒို ပြောခဲ့တယ်။ ဒါလိမ်ညာမှုတစ်ခုပါပဲ။ သူဟာ လိမ်လည် သူတစ်ဦးပါ။ သူဆန္ဒရှိနေတဲ့ ကစားသမားဘ၀အမြင့်ဆုံးအဆင့်ကို ဘယ်တော့မှရောက်မှာမဟုတ်ပါဘူး”

၂။ ချယ်လ်ဆီးပထမနည်းပြဘ၀ – ဧပြီလ ၂၉၊ ၂၀၀၇
”လူငယ်ကစားသမားတစ်ဦး(စီရော်နယ်ဒို)အနေနဲ့ ပွဲတစ်ပွဲမှာ ရင့်ကျက်မှုနဲ့ လေးစားမှုကို မပြရင် သေချာတယ် . . .သူ့
ရဲ့ငယ်ဘ၀ဟာ ပညာရေးလည်းမရှိ၊ ခက်ခဲတဲ့ဘ၀ကို ဖြတ်သန်းခဲ့ရလို့ဖြစ်မယ်”
၃။ ရီးယဲလ်နည်းပြဘ၀ – အောက်တိုဘာလ ၁၂၊ ၂၀၁၂
”စီရော်နယ်ဒိုဟာ မားစ်ဂြိုလ်ပေါ်မှာ မွေးဖွားတဲ့ဂြိုလ်သားတစ်ဦးအတိုင်းပါပဲ။ သူဟာ ဒီကမ္ဘာပေါ်က မဟုတ်ပါဘူး။ သူ
ဟာ စကြာဝဠာတစ်ခုလုံးရဲ့အကောင်းဆုံးကစားသမားပါ။ မက်ဆီက ဂြိုလ်ပေါ်က အကောင်းဆုံးကစားဆိုရင် စီရော်
နယ်ဒိုက စကြာဝဠာပေါ်က အကောင်းဆုံးကစားသမားတစ်ဦးပါ”
၎။ ရီးယဲလ်နည်းပြဘ၀ – မတ်လ ၅၊ ၂၀၁၃
”သူ(စီရော်နယ်ဒို)ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ။ ပြိုင်ဘက်မရှိလည်းဖြစ်နိုင်ပါတယ်။ မာရာဒိုနာရဲ့ကစားဟန်ကို ကျွန်တော် နည်းနည်းတွေ့ဖူးတယ်။ ပီလီရဲ့ဟန်ကိုတော့ မတွေ့ဖူးဘူး။ ဒါပေမယ့် ခရစ္စတီယာနိုကတော့ အံ့အားသင့်စ ရာပဲ။ ဒီလူဟာ အကောင်းဆုံးပါပဲ”
၅။ ရီးယဲလ်နည်းပြဘ၀ – ဇွန်လ ၅၊ ၂၀၁၃
”ကျွန်တော် စီရော်နယ်ဒိုကို နည်းဗျူဟာဘက်ကနေ ဝေဖန်ခဲ့တယ်။ သူဟာ တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမယ့် ကျွန်တော်ပြောတာကို သူလက်မခံဘူး။ သူ(စီရော်နယ်ဒို)စိတ်ထဲမှာ အရာရာတိုင်းကို သူသိပြီးသားဖြစ်တယ်။  နည်းပြက သူ့ကို ဘာမှမကူညီနိုင်ဘူးလို့ ထင်နေပုံရတယ်”

၆။ ချယ်လ်ဆီး ဒုတိယအကြိမ်နည်းပြဘ၀ – သြဂုတ် ၄၊ ၃၀၁၃
”ကျွန်တော် အသက်(၃၀)တုန်းက ရော်နယ်ဒိုကို နည်းပြခဲ့ဖူးပါတယ်။ ရော်နယ်ဒိုအစစ်အမှန်က ဘရာဇီးက ရော်နယ်ဒိုပါ”
၇။ ချယ်လ်ဆီး ဒုတိယအကြိမ်နည်းပြဘ၀ – ဇူလှိုင် ၂၀၊ ၂၀၁၆
”ကျွန်တော့်အတွက်တော့ သမိုင်းထဲက ကမ္ဘာ့ဂန္ထ၀င်ကစားသမား(၃)ဦးမှာ မက်ဆီ၊ မာရာဒိုနာ နဲ့ ပီလီတို့ဖြစ်ကြ ပါတယ်”
၈။ ချယ်လ်ဆီး ဒုတိယအကြိမ်နည်းပြဘ၀ – သြဂုတ် ၆၊ ၂၀၁၆
”စီရော်နယ်ဒို တစ်ယောက်တည်းကြောင့် ပေါ်တူဂီအသင်း ယူရိုဖိုင်နယ်မှာ ဗိုလ်စွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကွင်းထဲမှာကစားသမား(၁၁)ယောက်ကစားရတာဖြစ်ပြီး သူတို့တွေကို နည်းပြတိုက်ရိုက်ညွှန်ကြားတာပါ။ တစ်ယောက်သောသူကတော့ သူ့ရဲ့ဘောင်ကိုကျော်ပြီး ခံစားမှုအိုဗာတွေကို ဖော်ပြနေတယ်။ ယူရိုပါလိဂ်ဖလားကို သူ(စီရော်နယ်ဒို)တစ်ယောက်တည်းပဲလိုချင်တာမဟုတ်ပါဘူး။ တစ်သင်းလုံးလိုချင်ကြတာပါ”


Source ; Manchester Evening News



Post a Comment

 
Top