0
ချဲလ်ဆီးနည်းပြ ကွန်တီက အပြောင်းအရွှေ့ အသုံးစရိတ်အတွက် အသင်းပိုင်ရှင် အေဗရာမိုဗစ်ထံမှ ရရှိခဲ့သော ပေါင်သန်း၂၀၀ကို ဘယ်နားမှာ သုံးရမှန်းမသိကြောင်း နောက်ပြောင်ပြောကြား သွားခဲ့သည်။ အစောပိုင်းက အသုံးစရိတ် မထုတ်ပေးသောကြောင့် ကွန်တီနဲ့မိုဗစ်ကြားမှာ ပြသနာအနည်းငယ် ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိုဗစ်က အပြောင်းအရွှေ့အတွက် ပေါင်သန်း၂၀၀ထုတ်ပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။
Ofsbxsvogssas3ypcjaw
ကွန်တီက “ကျွန်တော့အနေနဲ့ အပြောင်းအရွှေ့မှာ အသုံးပြုဖို့ အသုံးစရိတ် လိုချင်ခဲ့တာ အမှန်ပါ။ ပေါင်သန်း၁၀၀လောက်ဆို လုံလောက်ပေမယ့် မိုဗစ်ထုတ်ပေးခဲ့တာ ပေါင်သန်း၂၀၀ ဖြစ်တာကြောင့် အဲ့ပိုက်ဆံတွေကို ဘယ်နားမှာသုံးရမှန်း မသိတော့ပါဘူးဗျာ” ဆိုပြီး နောက်ပြောင်ပြောကြား သွားခဲ့တာဖြစ်ပါတယ်။
Ntky9mr9wgip02lo2h8o
ချဲလ်ဆီးအသင်းမှာ ယခုအပြောင်းအရွှေ့တွင် သွေးအေးလျက်ရှိရာ အသုံးစရိတ် ရရှိခဲ့ခြင်းကြောင့် လာမယ့်ရက်ပိုင်းအတွင်း ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ကြားရဖို့တော့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ ကွန်တီဟာ ကစားသမား၎ဦး ခေါ်ယူရန်စီစဉ်နေပြီး တိုက်စစ်နေရာအတွက်၂ဦး၊ ကွင်းလယ် နေရာအတွက်၁ဦး၊ ဗဟိုနောက်ခံလူ နေရာအတွက်၁ဦး ကိုအဓိကထား ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။

Post a Comment

 
Top