0


မံမီဆိုတာနဲ့ လူတွေသည် Mummy ရုပ်ရှင်ဇာတ်ကားနဲ့ ခေတ်အဆက်ဆက်က ခြောက်ခြားဖွယ် Mummy စာအုပ်တွေကို ဖတ်ပြီးထိတ်လန့်တုန်လှုပ်တတ်ကြပါသည်။ တကယ်တော့ မံမီဆိုတာသည် ရှေးခေတ်အီဂျစ်ပြည်က ဘုရင်တွေ မိဖုရားတွေ မင်းမှုထမ်းအကြီးအကဲတွေ သူဌေးသူကြွယ်ကြီးတွေ ကွယ်လွန်ပါက တမလွန်ဘဝတွင် မူလဘဝကရုပ်ခန္ဓာအတိုင်း မပျက်မစီးပဲနေနိုင်အောင်ဟူသော အယူအဆဖြင့် မပုပ်မသိုးအောင်ပြုလုပ်ပေးကြခြင်းပင်ဖြစ်သည်။မံမီတွေပိရမစ်တွေ ဂူသင်္ချိုင်းတွေရဲ့ ဇာတ်လမ်းတွေကတော့ ပြောမကုန် ရေးမကုန်အောင်ရှိပါသည်။ ယခုရေးပြလိုတာက မံမီအလောင်းကောင်တွေကို ဘယ်လိုစီရင်ခဲ့သလဲဆိုတာပါပဲ။

 
 မံမီပြုလုပ်ဖို့ သေဆုံးသွားသူရဲ့ရုပ်အလောင်းကို အရင်ဆုံး စွန်ပလွန်ဝိုင်အရက်နဲ့ ရေကိုရောစပ်ဆေးကြောပြီး သန့်စင်ပေးရပါသည်။အလောင်းကောင်၏ ခန္ဓာကိုယ်ဘေးနှစ်ဘက်ကိုခွဲပြီး အတွင်းကလီစာတွေကို ထုတ်ယူကာ သီးသန့်မြေအိုးထဲထည့်သိမ်းထားရပါသည်။အဲဒီကလီစာတွေကို နေထရိုဆားနဲ့ ဖုံးအုပ်ထားသောကြောင့် လုံးဝခြောက်သွေ့သွားပါသည်။သို့သော် မံမီအလောင်းကောင်၏ နှလုံးကိုမူထုတ်ယူခြင်းမပြုပဲ ထားရှိပါသည်။ဦးနှောက်ကိုမူ နှာခေါင်းမှတဆင့် ချိတ်ပါသောတုတ်တံရှည်ထိုးသွင်းပြီးထုတ်ယူပါသည်။
ထိုသို့ပြုလုပ်ပြီးသောအခါ အလောင်းကိုခြောက်သွေ့စေရန် ရက်ပေါင်း ၄၀ ထားပြီး ရုပ်အလောင်းကိုဝိုင်အရက်ဖြင့် မကြာခဏဆေးကြောကာ ဆီအထပ်ထပ်သုတ်လိမ်းပေးရပါသည်။ရက် ၄၀ပြည့်သောအခါ ထိုအလောင်းကို ပတ်တီးသဖွယ်အဝတ်စလေးများဖြင့် အထပ်ထပ်ပတ်ပြီး ကြပ်စည်းရပါသည်။ထိုပိတ်စတစ်ထပ်နဲ့ တစ်ထပ်ကပ်နေစေရန်ကြား၌ သစ်စေးသုတ်လူးပေးထားရပါသည်။ ထိုပိတ်စအရှည်သည် ဖြန့်ခင်းလိုက်ပါက ၁မိုင်နီးပါးရှည်လျားပါသည်။ထိုပိတ်စ၏ နောက်ဆုံးပိတ်စ၌ နောင်ဘဝသို့ရောက်အောင်ကူညီပေးမည့် အနူးဘစ်နတ်ရုပ်ပုံကိုရေးဆွဲထားပါသည်။
ထိုသို့ အဆင့်ဆင့်ပြုလုပ်ပြီးပါက လေလုံသောအခေါင်းအတွင်းသွင်းလိုက်ခြင်းအားဖြင့် မံမံရုပ်အလောင်းများသည် နှစ်ထောင်ချီမပျက်မစီး ယနေ့တိုင်တည်တံ့နေလေတော့သတည်း…

Credit
(Lu Myanmar)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top