.
ပြီးခဲ့တဲ့ရာသီက ဘက်တစ်နဲ့ ဘာစီလိုနာတို့ တစ်ဖက်၁ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်း ရရှိခဲ့တဲ့သွင်းဂိုးကို ကွင်းလယ်ဒိုင် ဟာနန်ဒက်က ခွင့်ပြုခဲ့ခြင်း မရှိခဲ့တဲ့အတွက် ဘာစီလိုနာအသင်း နစ်နာခဲ့ရပြီး ဘာစီလိုနာ အသင်းသားတွေသာမက ပရိသတ်တွေကပါ ဟာနက်ဒက်ကို ဒေါသထွက်ခဲ့ကြပါတယ်။ အဆိုပါသွင်းဂိုးဟာ သိသိသာသာ ဂိုးစည်းကို ကျော်သွားခဲ့ပေမယ့် ဟာနန်ဒက်က ငြင်းပယ်သွားခဲ့ပါတယ်။

တကယ်လို့သာ ဟာနန်ဒက်အနေနဲ့
အဆိုပါဂိုးကို ခွင့်ပြုခဲ့ပါက တစ်ဖက်သတ် ဖိကစားနေတဲ့ ဘာစီလိုနာအသင်းဟာ
ဦးဆောင်ဂိုးပေးပြီး ၂မိနစ်အကြာမှာပဲ စောစောစီးစီး ချေပဂိုးရကာ
အနိုင်ရလဒ်တောင် ရရှိနိုင်ခဲ့ပေမယ့် ပွဲကစားချိန် နှောင်းပိုင်းဖြစ်တဲ့
၈၉မိနစ်မှချေပဂိုး ပြန်လည်ရရှိခဲ့တာပါ။ ဒါတွေက ကြာသွားခဲ့လို့
ဘာစီလိုနာပရိသတ်တွေ မေ့လုနီးပါးဖြစ်နေတဲ့ အချိန်မှာ လာလီဂါအဖွဲ့ချုပ်က
ပြီးခဲ့တဲ့ဘောလုံးရာသီ လာလီဂါရဲ့အကောင်းဆုံး ဒိုင်လူကြီးအဖြစ် ဟာနန်ဒက်ကို
ရွေးချယ်ခဲ့ပါတယ်။
ဒ့ါကိုစပိန်မီဒီယာတွေက
လာလီဂါဘောလုံး အဖွဲ့ချုပ်အနေနဲ့ ဘာစီလိုနာ ပရိသတ်တွေရဲ့ ဒေါသကို ထပ်မံတူးဆွ
ခဲ့ခြင်းလေလားဟု ဖော်ပြနေကြပါတယ်။ ဒါပေမယ့်လဲ ဘောလုံးအဖွဲ့ချုပ်ကတော့
ဟာနန်ဒက်ဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပွဲစဉ်တွေကို အကောင်းမွန်ဆုံး
ကိုင်တွယ်နိုင်ခဲ့လို့ အဆိုပါဆုကို ပေးအပ်ခဲ့တာပါလို့
ဖြေရှင်းသွားခဲ့ပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.