Baobab ခေါ် ဇောက်ထိုး သစ်ပင် ဟာ အာဖရိက၊ သြစတြေးလျနဲ့ အီကွေတာ တစ်ဝိုက်မှာ
ပေါက်ရောက် တဲ့ အပင် တစ်မျိုး ဖြစ်ပါတယ်.. မြင်ရတဲ့ အတိုင်း ပါဘဲ ရုတ်တရက်
ကြည့်လိုက် ရင် သစ်ပင် ကို ဇောက်ထိုး ပြောင်းပြန် လှန်ထား တာ နဲ့ ဆင်တူ
ပါတယ်.. ဒီသစ်ပင် ဟာ အမြင့်ပေ ၁၆ ပေမှ ၉၈ ပေ အထိ
ရှိနိုင် ပြီး ပင်စည် လုံးပတ် ဟာ ၂၃ ပေမှ ၃၆ပေ အထိ ကြီးထွား တတ်ပြီး
နှစ်ပေါင်းထောင် နဲ့ ချီကြာ အောင် အသက်ရှင် ကြတယ် လို့ သိရပါတယ်..
တစ်နှစ် မ...ှာ
၉လ ခန့် သစ်ရွက် တစ်ရွက်မှ မရှိဘဲ ပင်စည် နဲ့ သစ်ကိုင်းတွေ သာ ခြောက်သွေ့
စွာ ရှိတတ် ပါတယ်…. သို့သော် လည်း ပင်စည် အတွင်းမှာ တော့ ရေဂါလံ
ပေါင်းများစွာ သိုမှီး ထားနိုင်တယ် လို့ သိရပြီး မီးလောင် ဖို့ ခက်ခဲ တဲ့
အပင် လည်း ဖြစ်ပါတယ်.. ..
Baobab တစ်ပင် လုံး ဟာ အသုံးဝင် ပြီး တော့ ပင်စည်
မှာ ရှိတဲ့ သစ်ခေါက် ဟာ အ၀တ် အထည် ယက်လုပ် တဲ့ နေရာနဲ့ ကြိုးတွေ အဖြစ်
အသုံးပြု ပါတယ်.. ၄င်းအပင် ရဲ့ အရွက်တွေ ကိုတော့ ဆေးဝါး အဖြစ် လည်းကောင်း၊
ဟင်း ခတ်ရာ တွင်လည်းကောင်း အသုံးပြု လေ့ ရှိကြ ပါတယ်. monkey bread
လို့ခေါ်တဲ့ အသီး ကိုတော့ စားလို့ ရပါတယ်.. ကြီးမား လှတဲ့ ပင်စည် ကြီးဟာ
အခေါင်း ပေါက်ကြီး ဖြစ်နေတတ် တာကြောင့် ကျယ်ဝန်း လှတဲ့ အတွက် တိရိစ္ဆာန် နဲ့
လူတစ်ချို့ က ၀င်ရောက် နေထိုင် နိုင်တတ် ကြပါတယ်..
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.