
ပြီးခဲ့တဲ့လပိုင်းအတွင်းလောက်က နင်ဂျာတွေရဲ့ ပေါက်ဖွားရာနေရာဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ဖျော်ဖြေပွဲတွေ တင်ဆက်ကပြဖို့အတွက် နင်ဂျာတွေ လိုအပ်နေကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းကတော့ ထူးဆန်းပါတယ်။ ဒါကတော့ နင်ဂျာနဲ့ ဘယ်လိုမှ မဆိုင်တဲ့ အီရန်လိုနိုင်ငံမျိုးမှာ မိန်းမဦးရေလေးထောင်လောက်ဟာ အမျိုးသမီးနင်ဂျာဖြစ်ဖို့အတွက် အစွမ်းကုန်လေ့ကျင့်နေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
အီရန်အမျိုးသမီး လေးထောင်ဝန်းကျင်လောက်ဟာ ပူပြင်းလှတဲ့ သဲကန္တာရထဲမှာ နင်ဂျာပညာရပ်ကို ဆည်းပူးလေ့လာနေလျက်ရှိပါတယ်။ ဒီနင်ဂျာကလပ်ကို ၁၉၈၉ခုနှစ်လောက်ထဲက Jughin တောထဲမှာ စတင်စခန်းချ ဖွင့်လှစ်ထားခဲ့တာပဲဖြစ်ပြီး အမျိုးသမီးများကို Kunoichi ( ဂျပန်လို အမျိုးသမီးနင်ဂျာများကို ခေါ်ဆိုတဲ့ အသုံးအနှုန်း ) ဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေတာပဲဖြစ်ပါတယ်။
Daily Mail မီဒီယာရဲ့ဖော်ပြချက်အရ အမျိုးသမီးများဟာ နံရံများကို ခုန်ပျံကျော်လွှားခြင်း ၊ တောင်နံရံများအတွင်း ပုန်းကွယ်ခြင်းနဲ့ ခြေသံလုံလုံနဲ့ လည်ပင်းကိုဖြတ်ရိုက်ခြင်းတို့လို နင်ဂျာပညာတွေကို ဆည်းပူးသင်ယူနေရတာဖြစ်ပါတယ်။ ဒါ့အပြင် အီရန်အမျိုးသမီးများဟာ နင်ဂျာတွေရဲ့လက်နက်ကိရိယာများဖြစ်တဲ့ ဓါးများ ၊ နံကျပ်ကူများ ၊ shuriken လို့ခေါ်တဲ့ စကြာများတို့ရဲ့ အသုံးပြုမှုများကို လေ့လာသင်ကြားရပါတယ်။

ဒီနင်ဂျာကလပ်ကို တည်ထောင်ခဲ့တဲ့ Fatime Muamer ကတော့ နင်ဂျာတစ်ယောက်ဖြစ်ဖို့ သင်ယူရခြင်းဟာ အားကစားတစ်ခုကို သင်ကြားနေရသလိုမျိုးဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတို့ကြား ညီညွတ်မျှတမှုရှိအောင် ပြုလုပ်နိုင်တာကြောင့်ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ နင်ဂျာကလပ်နဲ့ပတ်သက်ပြီး တည်ထောင်သူဖြစ်တဲ့ Fatime Muamer က " နင်ဂျာဘာသာရပ်မှာ အဓိကအရေးကြီးဆုံးက လေးစားမှုနဲ့ စိတ်ထားနှိမ့်ချမှုတို့ပဲဖြစ်ပါတယ်။ နင်ဂျာတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ဖြစ်တည်မှုကို လေးစားရမယ်။
သူတစ်ပါးကိုလည်း လေးစားရပါမယ်။ အဲ့ဒီနောက်မှာတော့ ဒီပညာရပ်ကနေ သင့်ကိုမာစတာတစ်ယောက်ဖြစ်အောင် သင်ကြားပေးပါလိမ့်မယ်။ သူတို့အဓိကသင်ယူရမှာကတော့ တည်ငြိမ်မှုပဲဖြစ်ပါတယ် " လို့ ရှင်းပြသွားခဲ့ပါတယ်။ အီရန်နိုင်ငံအတွင်း ပထမဦးဆုံး နင်ဂျာပညာရပ်ကို စတင်တင်သွင်းလာခဲ့သူမှာ Sensei Akbar Faraji ဆိုသူဖြစ်ပြီး နင်ဂျာပညာကို မြွေဆိပ်တစ်ခုနဲ့တူညီကြောင်း ကောင်းကောင်းအသုံးပြုနိုင်ရင် အကျိုးရှိပေမယ့် ကောင်းကောင်းမသုံးနိုင်ရင်တော့ အလွန်ကိုအန္တရာယ်များပါကြောင်း ပြောဆိုသွားခဲ့ဖူးပါတယ်ခင်ဗျာ။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.