0


အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်မှာ ၂ လကြာ လှောင်ထားခံရတဲ့ အမျိုးသမီးကို စုံစမ်းစစ်ဆေးသူတွေက ကယ်ထုတ်ပုံ ရုပ်သံကို အသစ်ဖြန့်ချိလိုက်ပါတယ်။
အသက် ၃၀ အရွယ် အမျိုးသမီး ကာလာ ဘရောင်းကို ကုန်သေတ္တာနံရံမှာ သံကြိုးနဲ့ ခတ်ထားတာကို စပါတန်ဘာ့ဂ် ဒေသန္တရရဲတွေနဲ့ စုံစမ်းစစ်ဆေးသူတွေ ၂၀၁၆ နိုဝင်ဘာမှာ တွေ့ခဲ့ကြတာပါ။
ဘရောင်းနဲ့ သူ့ချစ်သူ ချားလ်စ် ကာဗာတို့ဟာ မနှစ် သြဂုတ် ၃၁ ရက်တည်းက ပျောက်နေခဲ့ပါတယ်။
သူတို့ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ သတင်းပေးချက်ကြောင့် ရဲတွေက သူတို့ ပိုင်ဆိုင်တဲ့နေရာတွေကို ဝင်ရှာခဲ့ကြပါတယ်။
ဘရောင်းကိုတွေ့ပြီး နောက်နေ့မှာပဲ ကုန်သေတ္တာပိုင်ဆိုင်သူ အသက် ၄၆ နှစ်အရွယ် အိမ်ယာမြေအကျိုးဆောင် ကိုးလ်ဟပ်ကို ဖမ်းခဲ့ပါတယ်။
သူဟာ အရင်ကလည်း လိင်ပိုင်းဆိုင်ရာပြစ်မှု ကျူးလွန်ဖူးသူအဖြစ် စာရင်းသွင်းခံထားရသူပါ။
ကိုးလ်ဟပ်က ဘရောင်းကို ပြန်ပေးဆွဲထားပြီး ကာမဆိုင်ရာ စော်ကားခဲ့ကြောင်း အပြစ်ဝန်ခံခဲ့တယ်လို့ စပါတန်ဘာ့ဂ် ဟာရဲဒ် ဂျာနယ်က ရေးသားခဲ့ပါတယ်။
မေ ၂၆ ရက်မှာလည်း သူဟာ လူသတ်မှု ၇ မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့တာပါ။
ဒါကြောင့် ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ် ၇ ဆက်ကို ခံဝန်လွတ်ငြိမ်းခွင့်မရှိ တဆက်တည်းကျခံဖို့ ပြစ်ဒဏ်စီရင်ခံရတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။

Post a Comment

 
Top